ပြည်သူအချင်းချင်းဖေးမကူညီပေးဖို့အတွက် လိုလျှင်ယူ၊ပိုလျှင်လှူ အစီအစဉ်လေးကို တက်တက်ကြွကြွပြုလုပ်နေကြတဲ့ ပြည်သူများရဲ့ပုံရိပ်တချို့

//s9.kh1.co/0e/0ef061771c3e77fe93b8f7f943f5922fdb54fd2d.jpeg
နေ့စဉ်သတင်းများ

 ၁၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူအချင်းချင်းဖေးမကူညီပေးဖို့အတွက် လိုလျှင်ယူ၊ပိုလျှင်လှူ အစီအစဉ်လေးကို တက်တက်ကြွကြွပြုလုပ်နေကြတဲ့ ပြည်သူများရဲ့ပုံရိပ်တချို့

ပြည်သူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြရင်း လက်ရှိအခြေအနေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နေကြတာ ဖြစ်ပါတယ်။ပြည်သူတွေရဲ့စည်းလုံးညီညွှတ်မှုတွေနဲ့ အခုကြုံတွေ့နေရတဲ့အခက်အခဲတွေကို(၂)လကျော်တဲ့အထိ ဖြတ်သန်းလာခဲ့ကြပြီ ဖြစ်ပါတယ်။ဒီ(၂)လကျော်အတွင်းမှာလည်း ပြည်သူလူထုကအချင်းချင်း အသက်ပေးပြီးကာကွယ်စောင့်ရှောက်ပေးကြတဲ့အပြင် ကျဆုံးသူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း တတ်နိုင်သလောက် ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအခြေအနေမှာ စီးပွါးရေးတွေလည်းကြပ်တည်းနေကြတာဖြစ်လို့ ခက်ခဲနေကြတဲ့အိမ်ထောင်စုတွေအတွက်လည်း စားနပ်ရိက္ခာတွေလှူဒါန်းနေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် မြန်မာပြည်အနယ်နယ်၊အရပ်ရပ်မှာ“လိုလျှင်ယူ၊ပိုလျှင်လှူ” အစီအစဉ်လေးကိုဆောင်ရွက်နေကြတာဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်လေးမှာဆိုရင် ဟင်းသီးဟင်းရွက်၊သားငါးတွေအပြင် အခြေခံစားသောက်ကုန်တွေကိုပါ တတ်နိုင်တဲ့ပြည်သူတွေကလှူဒါန်းကြတာဖြစ်ပါတယ်။လိုအပ်နေတဲ့သူတွေကလည်း မိမိတို့မိသားစုရဲ့တစ်နေ့တာစားသောက်ဖို့အတွက် တစ်နိုင်တစ်ပိုင်လေးသာယူကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး တစ်ယောက်အခက်အခဲကို တစ်ယောက်ကမျှဝေခံစားပေးရင်း မိမိတို့မှာရှိတာလေးတွေကို ရက်ရက်ရောရောလှူဒါန်းပေးနေကြတဲ့ပုံရိပ်လေးတွေက ပီတိဖြစ်စရာကောင်းလှပါတယ်။မြန်မာလူမျိုးတွေကတော့ ဘယ်သူ့ကိုမဆိုစိတ်ရင်းစေတနာအပြည့်နဲ့ကူညီပေးတတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လိုလျှင်ယူ၊ပိုလျှင်ယူအစီအစဉ်လေးကိုပြုလုပ်ပြီး ခက်ခဲနေကြတဲ့သူတွေကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးနေကြတဲ့ အမြို့မြို့၊အနယ်နယ်က ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T