သရုပ်ဆောင် အေးသီတာကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် ဇာတ်ပို့အဖြစ် နှစ်ပေါင်းများစွာ ပါဝင်ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ သူမကတော့ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း ထိခိုက်ကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်နေပြီး သူတို့တွေအတွက် တတ်နိုင်သလောက် ကူညီပေးနေတာပါ။
ဒီကာလအတွင်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို လှူဒါန်းရန် စီစဉ်နေတဲ့ အလှူရှင်တွေအတွက်လည်း သူမရောင်းချနေတဲ့ ဆန်တွေကို အမြတ်နည်းနည်းဖြင့်သာ ရောင်းချပေးနေတယ်လို့လည်း သတင်းစကားပါးထားပါသေးတယ်။ အများကြီး မလှူနိုင်ပေမယ့်လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတဲ့ အေးသီတာရဲ့စိတ်ထားကတော့ မွန်မြတ်လှပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် USA မှာနေထိုင်တဲ့ အလှူရှင်ရဲ့လှူဒါန်းမှုဖြင့် စားဝတ်နေရေးခက်ခဲနေသော ပြည်သူတွေထံ ကိုယ်စားသွားရောက်ကာ ထောက်ပံ့ပေးခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
" USA မှာနေတဲ့ မောင်လေး မောင်မင်းကြီးသားက
အစ်မရေ မရှိတဲ့သူတွေကို ဆန်လှူပေးပါဆိုလို့ ဒီနေ့သွားလှူပေးခဲ့ပါတယ် ....
နေပူဒဏ်ကို ဂရုမစိုက်နိုင်ဘဲ
ကူညီလှူပေးရတဲ့အကျိုးကြောင့်
မိမိကိုယ်မိမိပူလို့ပူမှန်းလည်း မသိတော့ပါဘူး .....
ဒါကြောင့် မောင်လေးမောင်မင်းကြီးသားကို
ယခုထက်ပိုလို့ ကြီးပွါးတိုးတက်ပါစေလို့
အလှူခံများရဲ့ကိုယ်စား
ဆုတောင်းပေးပါတယ် ......" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Aye Thida’s Facebook Account