အခက်အခဲဖြစ်နေတဲ့ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး လိုအပ်တာများ သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/b4/b423771e594f7c5bc8001f016e72c5a9e8cd7d7a.jpeg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

....

ဖြူစင်တဲ့ပရဟိတနှလုံးသားကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေကတော့ ဒိတ်ဒိတ်ကြဲမင်းသမီးကြီးတစ်ယောက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတတွေသာမက မိဘမဲ့ ကလေးလေးတွေကိုလည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာအပြည့်နဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

ခုလိုအခြေအနေတွေမှာလည်း လက်လုပ်လက်စား ပြည်သူတွေဟာ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ရန်ခက်ခဲနေတာကြောင့် စားဝတ်နေရေး အခက်အခဲတွေများစွာကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေတဲ့ မိသားစုတွေကို ခိုင်နှင်းဝေအပါအဝင် အခြားအနုပညာရှင်များကလည်း ပြန်လည်ကြည့်ရှုကာ တတ်နိုင်သလောက် အစားအသောက်များ အလှူငွေများ လှူဒါန်းပေးကာ ကူညီပေးနေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

ခိုင်နှင်းဝေဟာဆိုရင်လည်း သူကိုယ်တိုင်ခြိုးခြံချွေတာပြီး တတ်နိုင်သလောက် လိုအပ်တဲ့နေရာတွေကိုသွားရောက်ကာ လှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း ပြည်သူတွေစားဝတ်နေရေး အဆင်ပြေစေရန်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း ပုံလေးတွေကိုဝေမျှထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T