နေ့မနားညမနားရှာပြီး ချွေးနည်းစာငွေကြေးတွေနဲ့ဝယ်ထားတဲ့ ကားကိုရောင်းကာ ပြည်သူတွေအတွက်အကုန်ပြန်လှူမယ့် စူးရှထက်

//s9.kh1.co/d3/d34a02e3183919e5239b9028d127abad34a32a87.jpg
အနုပညာရှင်များ

 ၀၉-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ပြည်သူအားလုံးစည်းလုံးစွာပြုလုပ်ကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေလည်းဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အဖက်ဖက်က အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

အလှူရှင်တွေနဲ့စုပေါင်းလှူဒါန်းမှုတွေအပြင် သူမရဲ့ချွေးနည်းစာငွေကြေးတွေနဲ့လည်း တစ်ဦးတည်းလှူဒါန်းမှုတွေပြုလုပ်နေတဲ့ စူးရှထက်ကတော့ အခုတစ်ခါမှာလည်း သူမရဲ့ကားကိုရောင်းပြီး ထပ်မံလှူသွားဦးမယ့်အကြောင်းတွေကို ပြောပြလာပါတယ်..။

နေ့မနားညမနားရှာဖွေစုဆောင်းပြီး ချွေးနည်းစာငွေကြေးတွေနဲ့ဝယ်ထားတဲ့ ကားကိုပြန်ရောင်းကာ ရရှိတဲ့ငွေအားလုံးကို လိုအပ်နေတဲ့ပြည်သူတွေအတွက် ထပ်မံကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"အလှူပုံတွေမတင်တော့ပါဘူး

စိတ်ပူပေးကြတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်

နေ့မနားညမနားဈေးရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့

ကားဝယ်ခဲ့တယ် အဲ့ကားလေးရောင်းလို့ရတဲ့ငွေကို

အကုန်လှူမယ် ကျွန်မကိုထမင်းကျွေးထားတဲ့ပြည်သူတွေ

ကျွန်မတတ်နိုင်သလောက်ပြန်ကူညီပါ့မယ်

ကတိပေးပါတယ်???.." ဆိုပြီး စူးရှထက်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

ရှိတာတွေရောင်းချပြီး ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အတတ်နိုင်ဆုံးကြိုးစားလှူဒါန်းနေတဲ့ စူးရှထက်ရဲ့ စိတ်သဘောထားတွေကိုလည်း အားလုံးကချီးကျူးကာ အားပေးစကားတွေလည်းပြောထားကြတာ ဖြစ်ပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T