စက္ကူကိုသာအသုံးပြုပြီး ဆန်းသစ်တဲ့အိုင်ဒီယာတွေနဲ့ ထူးထူးခြားခြား ဖန်တီးထားတဲ့ Gen Z လူငယ်တွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်များ

//s9.kh1.co/ee/eebc7e50d3c944bed72fc259d55f42c2612c97ce.jpg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စက္ကူကိုသာအသုံးပြုပြီး ဆန်းသစ်တဲ့အိုင်ဒီယာတွေနဲ့ ထူးထူးခြားခြား ဖန်တီးထားတဲ့ Gen Z လူငယ်တွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်များ

အခုချိန်မှာတော့ ပြည်သူတွေက နည်းလမ်းမျိုးစုံသုံးပြီး လူထုလှုပ်ရှားမှုပွဲတွေမှာ နေ့စဥ်နဲ့အမျှ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ နောက်မဆုတ်ဘဲ ရှေ့ဆက်လျှောက်လှမ်းကာ ကြိုးစားနေကြတဲ့ ပြည်သူတွေက "အမှိုက်သပိတ်၊ ပန်းသပိတ်၊အသံတိတ်သပိတ်၊ Easter Egg သပိတ်၊ ဆေးသပိတ်၊ပိတောက်သပိတ်" တွေပြုလုပ်ပြီး သူတို့ရဲ့ဆန္ဒတွေကို ပြသခဲ့ပြီးပြီလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း ပြည်သူတွေက မိုးရွာနေတဲ့ကြားကနေ လမ်းပေါ်ကိုရအောင်ထွက်လာပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

"Generation Z" လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်လေးတွေကလည်း ဆန္ဒဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေကို အမြဲတမ်း တွေးခေါ်ကြံဆနေကြတာ ဖြစ်ပါတယ် ။ အခုလည်း တီထွင်ဆန်းသစ်နိုင်စွမ်းရှိတဲ့ လူငယ်တွေက "စက္ကူသပိတ်" ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ထူးထူးခြားခြားဖြစ်အောင် စက္ကူကိုသာ အသုံးပြုပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေရဲ့ပုံရိပ်ကို ပုံဖော်ဖန်တီးပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတွေကိုကာကွယ်ဖို့ ဟန်ပြင်နေတဲ့ လူငယ်တစ်စုရဲ့ပုံစံကို ရောင်စုံစက္ကူတွေနဲ့ပဲ အသက်ဝင်အောင် ဖန်တီးခဲ့တဲ့ Gen Z တွေရဲ့လက်ရာကတော့ ချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် Gen Z တွေက "နွေဦးတော်လှန်ရေး" ဆိုတဲ့စာသားကိုလည်း စက္ကူနဲ့ပဲ ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ အရည်အချင်းရှိတဲ့ လူငယ်လေးတွေဖန်တီးထားတဲ့ "စက္ကူသပိတ်" ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T