စုပေါင်းလှူတန်းထားတဲ့ အလှူငွေများဖြင့် လိုအပ်တဲ့နေရာတွေကို နေ့စဉ်သွားရောက်ကာ ကူညီလှူဒါန်းပေးနေတဲ့ ဆိုဖီယာ

//s9.kh1.co/32/3242c6e7e3d9ecc258c8022dfa52afe967df9512.jpeg
အနုပညာရှင်များ

 ၀၈-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ဆိုဖီယာရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတဲ့  သီချင်းတွေကို  ပရိသတ်တွေက တစ်ခဲနက်  အားပေးနားဆင်နေကြတာပါ။  ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားရှိပြီး အမှန်တရားဘက်ကနေ  မားမားမတ်မတ်ရပ်တည်သူ ဖြစ်တာကြောင့်  အားလုံးက  ချီးကျူးနေကြတာပါ။  ဆိုဖီယာကတော့ ဖေဖော်ဝါရီလက လမ်းပေါ်ထွက်ကာ  သူတို့ရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ခဲ့ကြတဲ့  ပြည်သူတွေအတွက် စားစရာ၊သောက်စရာများ  လှူဒါန်းခဲ့တာလည်း  ဖြစ်ပါတယ်။

Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 

အခုလက်ရှိမှာ  အခြေခံလူတန်းစားတွေ  စားဝတ်နေရေး  ခက်ခဲနေကြတာဖြစ်တဲ့  အတွက်  ပြည်သူအချင်းချင်း  လိုအပ်တာတွေ  ဝိုင်းဝန်း ကူညီပေးနေကြတာကို  မြင်တွေ့ရတာ  ကြည်နူးစရာကောင်းလှပါတယ်နော်။  ဆိုဖီယာကလည်း  သူငယ်ချင်းတွေနဲ့ စုပေါင်းကာ  လိုအပ်တဲ့နေရာတိုင်းကို  သွားရောက်ပြီး စားနပ်ရိက္ခာတွေကို  ဖေးမကူညီဆောင်ရွက် ပေးနေတာလည်း  ဖြစ်ပါတယ်။  တကယ်အခက်အခဲဖြစ်နေသူများကိုယ်တိုင်  သူမရဲ့ အကောင့်ကိုဆက်သွယ်ပေးကြဖို့လည်း  ဆိုဖီယာက ရေးသားထားပါသေးတယ်။

Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဘုန်းကြီးကျောင်းတစ်ကျောင်းသို့  လိုအပ်တဲ့ စားသောက်ကုန်တစ်ချို့အား သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။  သူမကလည်း " ယနေ့ ဘုန်းကြီးကျောင်း အတွက် 

ဆန်၊ ဆီ၊ ဆား ၊ ပဲ ၊ ခေါက်ဆွဲခြောက် နိုင်သလောက်သွား၍ လှူတန်း ခဲ့ပါတယ်

ပါဝင်လှူတန်းပေးသော သူများကိုလည်း ကျေးဇူး တင်ပါတယ် ရှင်??" ဆိုပြီး ရေးသားထားတာကြောင့်  ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန် ဒီသတင်းကို  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sophia Everest’s Facebook page 

Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T