တကယ်လိုအပ်နေတဲ့ အိမ်ထောင်စု(၉၃)စုသို့ အလှူရှင်များကိုယ်စား စားသောက်ကုန်တွေ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/28/286d59b68e740348748e88f504bb218d278882ba.jpeg
အနုပညာရှင်များ

 ၀၇-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဝေဠုကျော်ကတော့  အများအကျိုးကို  အားတက်သရော  ကြိုးစားကူညီပေးနေတဲ့ ပရဟိတသူရဲကောင်းတစ်ဦး  ဖြစ်ပါတယ်။  ကိုဗစ်ရောဂါတိုက်ဖျက်စဉ်  အချ်ိန်ကာလတုန်းကလည်း  လူနာတွေကို နေ့ရောညပါ မအားလပ်ရအောင် ကူညီပို့ဆောင်ပေးခဲ့သူပါ။  ဒါ့အပြင် ဝေဠုကျော်ဖောင်ဒေးရှင်း အသင်းကို တည်ထောင်ကာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်  ဝိုင်းဝန်းကူညီပေးနေတာ  လေးစားဂုဏ်ယူစရာကောင်းလွန်းလှပါတယ်။ 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

အခုလက်ရှိမှာလည်း  စားဝတ်နေရေးခက်ခဲနေတဲ့  ပြည်သူတွေကို  အလှူရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ အလှူငွေများထဲမှ လိုအပ်တဲ့ နေရာတိုင်းကို  သွားရောက်ကူညီပေးနေတာ ဖြစ်ပါတယ်။   သွားရောက် လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကိုလည်း  အလှူရှင်တွေ သာဓုခေါ်ဆိုနိုင်စေရန်  ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ Facebook Page တွင် ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း  ကျိုက္ကဆံကွင်းထဲတွင်  နေထိုင်ကြတဲ့  နေ့စားဝန်ထမ်းမိသားစု (၉၃) စုအတွက် စားသောက်ကုန်တစ်ချို့ကို သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို  ဝေမျှထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

" 7-4-2021

အိမ်ထောင်စု ၉၃ စုသို့ အလှူ

ဝေဠုကျော်ဖောင်ဒေးရှင်းမှ

အလှူရှင်များကိုယ်စား 

ဒီနေ့ ကိုယ်တွေနဲ့ အဖွဲ့သားတွေ စခန်းချရာ 

ကျိုက္ကဆံကွင်းထဲမှာ နေကြတဲ့ 

အားကာ နေ့စား ဝန်ထမ်းမိသားစု 

၉၃စုကို လှူဒါန်းပေးခဲ့ပါတယ်။

အားကာ နေ့စားဝန်ထမ်းတွေက  အလုပ်ရှိမှ လုပ်ခနည်းနည်းပဲရကြတော့ စားဝတ်နေရေး ခက်ခဲကြပါတယ်။

အများစုက အပြင်က ကွမ်းသီးညှပ်တယ့်အလုပ်ကို ယူလုပ်ကြတာတွေ့ရတယ်။

အိမ်ဆိုလည်း ကျူးတွေလိုပဲ ဖြစ်သလို တဲထိုးပြီး နေကြရတာပါ။

သူတို့က ကျူးတွေလိုလည်း အလှူမရဖူးကြတော့ ဒီနေ့ ကိုယ်တွေသွားလှူတာ အံ့သြဝမ်းသာနဲ့ ဆုတွေလည်း အများကြီးပေးကြပေါ့။

နေ့စား ဝန်ထမ်းအိမ်တွေက ဟိုတစ်စု ဒီတစ်စု 

ကွင်းထဲမှာ ပြန့်ကြဲနေတော့  ၉၃အိမ်လှူတာ ကိုယ်တွေအဖွဲ့လည်း ကျိုက္ကဆံကွင်းထဲ လှည့်ပတ်ပြီး တော်တော်သွားလိုက်ရပါတယ်။

ဝန်ထမ်း ၉၃စု သို့ တစ်အိမ်ထောင်လျှင် 

ဆန် ၃ ပြည်

ကြက်သွန်နီ ၅၀သါး

ကြက်ဥ ၁၀လုံး

မျှင်ငါးပိ ၂၀သါး

လက်ဖက်ခြောက် ၁ထုပ် 

တို့ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T