နေမကောင်းတာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း ဘုရားရှိခိုးတိုင်း မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ အမြဲဆုတောင်းပေးနေတဲ့ ပိုင်တံခွန်

//s9.kh1.co/7f/7fddddd65acc430e6479ecd7e3c89e6125b37322.jpeg
အနုပညာရှင်များ

 ၀၆-ပြီ-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်တံခွန်ကတော့  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေဘက်ကနေ  မားမားမတ်မတ် ရပ်တည်ပေးနေတဲ့  အနုပညာရှင် တစ်ဦးပဲ  ဖြစ်ပါတယ်။  လူထုလှုပ်ရှားမှုတွေမှာလည်း  နေ့စဉ်ရက်ဆက်  မမောနိုင်မပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ  ဆန္ဒထုတ်ဖော်နေရုံတင်မကဘဲ Defense Team က လူငယ်များနဲ့ပါ ပူးပေါင်းပြီး  ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်  ပရိသတ်တွေက ချီးကျူးနေကြတာပါ။ 

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 

လတ်တလောမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တခဏ တိမ်းရှောင်နေရတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေကလည်း  မကြာခဏ ကျန်းမာရေးချူချာတတ်တဲ့  ပိုင်တံခွန်အတွက်  စိတ်ပူပေးနေကြတာလည်း  ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ပိုင်တံခွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  လတ်တလောမှာကျန်းမာရေးချူချာနေတာကြောင့်  နေအမြန်ပြန်ကောင်းစေဖို့ ဆုတောင်းပေးရန်  ပရိသတ်တွေကို အားနာစွာဖြင့်တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 

" ကျွန်တော် ကျန်းမာရေး မကောင်းဖြစ်နေတာ

ရက်တော်တော်ကြာပါပြီ

မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေရပြီး ကျန်းမာပါစေလို့ ကျွန်တော် ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်ခင်ဗျာ 

အားနာစွာနဲ့ပဲ ကျနော့်ကိုလည်း ကျန်းမာရေး အမြန်ဆုံးကောင်းအောင် ဆုတောင်းပေးပါခင်ဗျာ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက်  အမြန်ဆုံး ကျန်းမာပြီး  ပြည်သူတွေနဲ့အတူ  လူထုလှုပ်ရှားမှုတွေမှာ ပြန်လည်ပူးပေါင်းနိုင်ပါစေလို့ MyanmarLoad မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Paing Takhon’s Facebook Page 

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T