အခက်အခဲတွေနဲ့ရှောင်တိမ်းနေရတဲ့အချိန်မှာတောင် ပြည်သူတွေဘက်က အမြဲထာဝရရပ်တည်သွားမယ့်အကြောင်း ကတိစကားဆိုလာတဲ့ အလင်းရောင်

//s9.kh1.co/6c/6cce7653571585e29ee15cacd63d39e1646be761.jpg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး ဇာတ်ကားတော်တော်များများရိုက်ကူးကာ အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောအလင်းရောင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေ အင်တိုက်အားတိုက်ပြုလုပ်နေသူပါ..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး နေ့တိုင်းလိုလိုအပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို တတ်နိုင်သလောက်လှူဒါန်းမှုတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

အလင်းရောင်ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရပြီး လက်ရှိအခြေအနေတွေအရ အခက်အခဲတွေနဲ့ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေအတွပ် စိုးရိမ်ပေးနေပြီး အမြဲထာဝရပြည်သူတွေဘက်က ရပ်တည်သွားမယ့်အကြောင်းကိုလည်း ကတိစကားဆိုလာပါတယ်..။

တော်လှန်ရေးအစပိုင်းကတည်းက အခုလိုမျိုးတွေကြုံလာနိုင်တယ်ဆိုတာကို ကြိုတင်တွက်ဆထားသလို ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာမို့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့အကြောင်းတွေကိုလည်း အလင်းရောင်က ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

"တော်လှန်ရေး ကနဦးအစထဲက ခုလိုမျိုး ကြုံလာနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆထားပြီးသားပါ .....

ကျွန်တော်လည်း ပြည်သူတွေထဲက ပြည်သူတစ်ယောက်ပါပဲ .....

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ကိုယ်တတ်နိုင်သလောက် လုပ်ဖြစ်ခဲ့ပါတယ် .....

ပြည်သူတွေဘက်က ထာဝရအမြဲ ရပ်တည်သွားပါ့မယ်လို့လည်း ကတိပေးပါတယ် .....

အားလုံးလည်း အထူး ဂရုစိုက်ကြပါခင်ဗျာ .....

ကျွန်တော်တို့ အတူတူ အောင်ပွဲခံရအုန်းမှာမို့ပါ .....

အရေးတော်ပုံအောင်ရမည်.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

အခက်အခဲတွေနဲ့ ရှောက်တိမ်းနေရတဲ့ မင်းသားအလင်းရောင်ကိုလည်း ပရိသတ်တွေကစိတ်ပူပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့နဲ့ အားတင်းထားဖို့ကို အားပေးစကားတွေလည်း အသီးသီးပြောထားကြတာလည်း တွေရပါတယ်..။

Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc
Photo Credit - ALINNYAUNG's Fb Acc

သတင်း အရင်းအမြစ်ALINNYAUNG's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T