အခုလိုအခြေအနေမှာ ပြည်သူတွေနဲ့အတူရှိနေကြောင်း သူတို့ဘက်မှ သက်သေပြပေးသွားခဲ့တဲ့အတွက် ကျေးဇူးတင်နေတဲ့ သက်မွန်မြင့်

//s9.kh1.co/19/1945ed2dab338f3629b4d6d2b7c523c55bd9fd82.jpeg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

နေမကောင်းဖြစ်နေသော်လည်း  ဖေဖော်ဝါရီလကတည်းမှစပြီး  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  ပူးပေါင်းပါဝင်နေသူကတော့  သရုပ်ဆောင်  သက်မွန်မြင့်ပဲ  ဖြစ်ပါတယ်။  နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ပြီး  အင်တိုက်အားတိုက်  မပါဝင်နိုင်ခဲ့တဲ့ အတွက်လည်း   ဝမ်းနည်းနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေကလည်းနေမကောင်းတဲ့ကြားက အခုလို ပါဝင်ပေးနေတဲ့ ချစ်သက်ကို အရင်ကထက်ပိုပြီး  ချစ်ခင် အားပေးနေကြတာပါ။

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 

သက်မွန်မြင့်ကတော့  လတ်တလောဖြစ်နေတဲ့  အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တတိမ်းရှောင်နေ ရတာပါ။  အခုလိုတွေ  ဖြစ်နေပေမယ့်လည်း  လူမှုကွန်ယက်များမှတစ်ဆင့်တော့  သတင်းအချက်အလက်တွေကို  ပြန်လည်ဝေမျှပေးနေတာကို မြင်တွေ့ကြရမှာပါ။  မကြာသေးခင် ရက်ပိုင်းလောက်ကလည်း  သက်မွန်မြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုအခြေအနေမှာ ပြည်သူတွေနဲ့အတူရှိနေကြောင်း သူတို့ဘက်မှ သက်သေပြပေးသွားခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း ရေးသားပြောပြလာတာပဲ  ဖြစ်ပါတယ်။

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 

သူမကလည်း " ကျန်းမာရေး မကောင်းလို့ ဘာမှ မပါဝင်နိုင်ဘူးဆိုပြီး စိတ်မကောင်းဖြစ် ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ... 

ပြည်သူနဲ့ အတူ ဆိုတာ သူတို့က သက်သေပြပေးလိုက်တာပါပဲ

ပြည်သူတွက် ပါဝင်ခွင့်ရလို့

ကျေးဇူးတင်ပါတယ် 

#အရေးတော်ပုံအောင်တော့မည် " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့အောက်မှာလည်း အနုပညာရှင်မောင်နှမများနဲ့ မိတ်ဆွေတစ်ချို့က အစစအရာရာ ဂရုစိုက်ဖို့ ချစ်သက်ကို comment ရေးသားထားကြတာပါ။  ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thet Mon Myint’s Facebook Page 

Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Photo Crd-Thet Mon Myint’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T