အနုပညာလောကသားထဲကသက်ကြီးရွယ်အို အဖိုးအဖွားများကို ဆန်၊ဆီနဲ့အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး

//s9.kh1.co/35/353e0fcb214e033f60e0d5bf491673e9eb33f2fd.jpeg
အနုပညာရှင်များ

 ၀၄-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.....

နေဒွေးကတော့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့    အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ နေဒွေးကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်။

 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account

ခုလိုအစစအရာရာဘက်ပေါင်းစုံကနေပါဝင်ကူညီအားဖြည့်ပေးနေတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။သူရဲကောင်းအာဇာနည်တွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။

 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account
 Photo Credit : Nay Dway Facebook Account

နေဒွေးက ခုလိုကာလမှာ အဆင်မပြေဖြစ်နေတဲ့ မိသားစုတွေဆီကို နေ့စဉ်တိုင်းလိုလို သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေများကို လှူဒါန်းလျက်ရှိနေတာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ဒီနေ့မှာတော့ အနုပညာလောကသားထဲက သက်ကြီးရွယ်အိုအဖိုးအဖွားများကို ဆန်၊ဆီအပြင် အလှူငွေများသွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့အတူ " ဤနေ့ကုသိုလ်ကိုယ့်လောကသားတွေလည်းပြန်ကြည့်ပေးရတယ်အဖေကြီးဦးတိမ်ညွှန့်အတွက် ဆန် ,ဆီ ,အလှုငွေနဲ့ လိုအပ်တာလေး ကျန်အဖိုးအဖွားတွေအတွက်ရော"ဆိုတဲ့စာလေးနဲ့အတူဖော်ပြထားရာ ပရိသတ်ကြီးလည်း နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Nay Dway Facebook Account
Source & Photo Credit : Nay Dway Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T