အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းဟာ ခုလတ်တလောမှာ Social media ပေါ်က အကောင့်တုတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံနေရပါတယ် ။

ထိုကိစ္စနဲ့ပါတ်သတ်ပြီး ဝိုင်းစုခိုင်သိန်းက အကွက်ချစီစဉ်ခြိမ်းခြောက်မှုတွေ အကြောင်းရှာ စွပ်စွဲပြောဆိုရေးသားမှုတွေ လို့ဆိုလိုက်ပြီး သည်းခံသင့်သလောက် သည်းခံနေခဲ့ပြီးမို့ နောက်ထပ်ထပ်ပြီးသည်းခံနေတော့မှာမဟုတ်ဘူးလို့ အတိအလင်းဆိုလိုက်ပါတယ် ။

"ကျေးဇူးပြု၍ ဝိုင်းစုလို့ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖော်ပြပြီး "အစော်ကားခံရပါတယ် ဒီလောက်စော်ကား ရင်ကျေနပ်ပါတော့"ဆိုပြီး နောက်ထပ်မရေးမိပါစေနဲ့... ဝိုင်းစု ဒီနေ့ဒီအချိန်အထိ ဝိုင်းစုရဲ့ ကိုယ်ပိုင် facebook wallမှာရော page မှာရော အင်တာဗျုးများမှာပါ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခြင်း ရေးသားခြင်း မရှိခဲ့ပါဘူး။ တကယ်တမ်း ဝိုင်းစုရဲ့ပုံတွေတင် နာမည်တွေတပ် ဝိုင်းစုဆိုထားတဲ့ သီချင်းစာသားတွေ အခွေTiltle နာမည်တွေနဲ့တကွ ဖော်ပြပြီး တိုက်ရိုက်စော်ကား ဂုဏ်သိက္ခာချခံခဲ့ရတာ ဝိုင်းစုပါ။

ဘယ်သူကအစော်ကားခံရတယ်ဆိုတာ အားလုံးအသိပါ...အမှန်ကိုအမှားဖြစ်အောင် ပြောင်းပြန်ပြန်မလုပ်ပါနဲ့။ အရင်တချိန်ကလို အကွက်ချစီစဉ်မှုတွေ ခြိမ်းခြောက်မှုတွေ မစားရတဲ့အမဲသဲနဲ့ပက်တတ်တဲ့ အကျင့်တွေကို ဒီနေ့ဒီအချိန် အထိ သယ်လာတုံးပဲလား။အကြောင်းရှာ စွပ်စွဲပြောဆိုရေးသားခြင်းများဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။ ဝိုင်းစုသည်းခံသင့် သလောက် သည်းခံခဲ့ပြီးပါပြီ။ နောက်ထပ်တကြိမ်မှစ၍သည်းခံတော့မည်မဟုတ်ပါ" ဆိုပြီး သူမရဲ့လူမှုကွန်ယက်ကတဆင့့် ပြောကြားထားတာဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Wine Su Khine Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။