အဆိုတော် ပိုပိုကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ အားကြိုးမာန်တက် ပါဝင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးတဲ့အတွက်လည်း ပရိသတ်တွေက လေးစားနေကြတာပါ။ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြသရုံတင်မကဘဲ လူမှုကွန်ယက်မှတစ်ဆင့်လည်း အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအတွက် speak out လုပ်ပေးနေသူလည်း ဖြစ်ပါတယ်။
လတ်တလောမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတဲ့ အတွက်လည်း ပရိသတ်တွေက စိုးရိမ်နေကြတာပါ။ သူမအား စိတ်ပူနေကြသူများအတွက် မကြာသေးခင် နာရီပိုင်းလောက်က ပိုပိုရဲ့Facebook Story တွင် ဘေးကင်းလုံခြုံတဲ့ နေရာတွင် ရှိနေကြောင်း ဗီဒီယိုဖိုင် တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
သူမကလည်း " မတရားမှုကို အဆုံးထိတွန်းလှန်ရမှာ ငါတို့အလုပ်
#အရေးတော်ပုံအောင်ရမည်
3.4.2021
#popo #ပိုပို " နဲ့ " နယ်ဝေးတစ်နေရာ ရောက်သွားပါပြီ စိတ်ပူပေးကြလို့ အားလုံးကို ကျေးဇူးပါ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ပူတာတွေ လျော့ကျသွားစေရန် ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Po Po’s Facebook Page