သရုပ်ဆောင် မင်းမော်ကွန်းကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတိုင်းကိုလည်း ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ကိုလည်း အမြဲမှာကြားနေသူပါ။ အခြေအနေအရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာနေရပေမယ့်လည်း အရေးတော်ပုံကြီး အောင်မြင်ဖို့ စိတ်အားထက်သန်နေသူဖြစ်တာကြောင့် ပရိသတ်တွေက လေးစားနေကြတာပါ။
မနေ့ညက မင်းမော်ကွန်းအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြောင်း ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကိုယ်တိုင်ကဝရမ်းထုတ်ခံထားရ ပေမယ့်လည်း ပြည်သူ့ဝန်ထမ်းတွေအတွက် ပိုစိတ်ပူနေပြီး သတိနဲ့နေဖို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ သူကလည်း " ပြည်သူ့ဝန်ထမ်းတွေ Supporter တွေ
ပိုသတိထားကြပါခင်မျာ
၃၁ ရက်နေ့ကတည်းက
ပြည်သူ့ဝန်ထမ်းတွေကိုပို ငြိုးမယ်လို့
တွေးမိစိတ်ပူမိပါတယ်
ခုကျွန်တော်တို့သတင်းတွေက
သူတို့လက်ရှိလုပ်နေတဲ့ ပုံစံနဲ့
တော်တော်ကွဲလွဲနေတာတွေရှိပါတယ်
တကယ်ဆို ဖမ်းဝရမ်းထုတ်စရာမလိုဘဲ
ကျွန်တော်တို့ အနုပညာရှင်တွေ
Cele တွေကို အချိန်မရွေး
ဖမ်းလို့ရပါတယ်
အာရုံလွှဲသလို ခံစားရလို့ပါ
သတိထားကြပါခင်ဗျာ " ဆိုပြီး သတိပေးစကားတွေ ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Kyaw Kyaw Htay Lwin’s Facebook Account