ခုတလောမှာ လူမှုကွန်ယက်တွေပေါ်ကို ပြည်သူချစ်အနုပညာရှင်များရဲ့ အိမ်တွေကိုပြင်ဆင်ပေးခဲ့ကြတဲ့ ပညာရှင်များက

သူတို့ပြင်ဆင်ပြီးတဲ့ အိမ်တွင်းပုံလေးတွေကိုပရိတ်သတ်တွေကြည့်နိုင်အောင် တင်ပေးလာကြပါတယ် ။

ဟိုတလောကတော့ စိုင်းစိုင်းရဲ့ အိမ်တွင်းက အလှဆင်ထားမှုတွေကို မြင်တွေ့ခဲ့ ပြီးတဲ့နောက်မှာတော့

ဒီတစ်ခါ မဖြူ လို့ ချစ်စနိုးခေါ်ကြတဲ့ ဖြူဖြူကျော်သိန်းအလှည့်ပါ ။ ဖြူဖြူကျော်သိန်းရဲ့ ကွန်ဒိုတိုက်ခန်းလေးကို အဖြူရောင်လေးတွေနဲ့ အလှဆင်ပေးထားတဲ့ Lwin Minn Thant ဆိုတဲ့အကောင့်ပိုင်ရှင်က သူနှစ်သက်တဲ့ အနုပညာရှင်တဲ့ တိုက်ခန်းလေးကို စိတ်ကြိုက်ပြင်ဆင်ပေးခဲ့ရတဲ့အတွက် ဝမ်းသာစွာနဲ့ သူရဲ့ လက်ရာလေးတွေကို မျှဝေခဲ့တာပဲဖြစ်ပါတယ် ။ ဖြူဖြူရဲ့ အိမ်အဖြူလေးကိုကြည့်ကြရအောင်နော် ... 

သတင်းအရင်းမြစ် Lwin Minn Thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။