ပြည်သူတွေအတွက်ကူညီနိုင်ဖို့ လူမှုကယ်ဆယ်ရေးအသင်းကို ဆေးပစ္စည်းနဲ့အခြားလိုအပ်တာတွေ လှူဒါန်းခဲ့တဲ့ မအေးသောင်း

//s9.kh1.co/66/66d1a1fe1bfc043bb5a25efb163200da18af6761.jpg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မအေးသောင်းလို့အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးအေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပြည်သူတွေအားလုံးနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပြုလုပ်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

မအေးသောင်းကတော့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ မီးဘေးသင့်ပြည်သူတွေအပြင် လက်ရှိအခြေအနေတွေကြောင့် အခက်အခဲတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရသူတွေကိုလည်း ဖေးမကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

ပြည်သူတွေအတွက် အဖက်ဖက်ကနေ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတဲ့ မအေးသောင်းကတော့ အခုတစ်ခါမှာလည်း လိုအပ်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးအသင်းကို ဆေးဝါးနဲ့အခြားပစ္စည်းတွေ လှူဒါန်းခဲ့ပြန်ပါတယ်..။

၇ရက်သားသမီးပြည်သူတွေလှူဒါန်းထားတာတွေနဲ့ မန္တလေးမြို့က ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းမှာ လိုအပ်တာတွေကို ပြည်သူတွေကိုယ်စားလှူဒါန်းပြီး ကာယဒါနပြုခဲ့တဲ့ပုံရိပ်တွေကိုလည်း မအေးသောင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

"Sterile Gauze

Cotton ball

Bandage (4”-6”)

20CC syringe

5cc syringe

Betadine စသည့်ဆေးပစ္စည်းများ နှင့် အခြားလိုအပ်သည်များစုစုပေါင်း ၈ သိန်းဖိုးအား ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းအား

ပြည်သူများကိုယ်စား ကာလဒါနလှူဒါန်းခဲ့ပါသည်။ ???.." ဆိုပြီး အလှူအကြောင်းကို ပြောပြထားပါ..။

လိုအပ်နေတဲ့နေရာတွေကို လိုအပ်သလိုကူညီလှူဒါန်းနေတဲ့ အေးဝတ်ရည်သောင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေကသာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc
Photo Credit - Aye Thaung's Fb Acc

သတင်း အရင်းအမြစ်Aye Thaung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T