အရွယ်နဲ့မလိုက်အောင်ခါးသီးလွန်းတဲ့ စစ်ဘေးရှောင် ကရင်တိုင်းရင်းသားကလေးငယ်တွေကို ကိုယ်ချင်းစာကြည့်ဖို့ပြောလာတဲ့ ညီညီမောင်

//s9.kh1.co/21/2121c3d9f84cbe50d84b7a9905d0ff821ac4c8b1.jpg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သုသုလို့အများကချစ်စနိုးခေါ်ကြပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့တန်းတူရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ညီညီမောင်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက်ပါဝင်လုပ်ဆောင်နေပြီး လိုအပ်နေတဲ့ပြည်သူတွေကိုလည်း တတ်နိုင်သလောက်လှူဒါန်းနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

ဖေးမကူညီမှုတွေပြုလုပ်ကာ လှူဒါန်းနေတဲ့ သုသုကတော့ကရင်တိုင်းရင်းသားစစ်ဘေးရှောင်ပြည်သူတွေအတွက် စိတ်ထိခိုက်ခံစားနေရတဲ့အပြင် စစ်ဘေးဒဏ်တွေကို ရင်ဆိုင်နေကြရတဲ့ကလေးငယ်တွေအတွက်လည်း နာကျင်ခံစားရတဲ့အကြောင်းတွေ ပြောပြလာပါတယ်..။

အရွယ်နဲ့မလိုက်အောင်ခါးသီးတဲ့ အတွေ့အကြုံတွေ ရင်ဆိုင်ခံစားနေကြရတဲ့ ကရင်စစ်ဘေးရှောင်ကလေးငယ်တွေကို ကိုယ်ချင်းစားကြည့်ကြဖို့ စိတ်မကောင်းစွာ ပြောလာတာပဲ ဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Rose Photography
Photo Credit - Rose Photography

"သူ့နေရာ မှာ ကိုယ်သာစိုရင် ?

ကိုယ်ချင်းစာစိတ်ကလေးသာ ဝင်ကြည့်လိုက်ပါ ?

ရူးတောင်သွားဦးမယ် အရွယ်နဲ့ မလိုက်တဲ့ ခါးသီးမှုတွေ

မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ ??

ပွင့်သောပန်းကလေးများလန်းဆန်းပါစေ ချစ်သော ကလေးများအနာဂတ် များ ကောင်းမွန်တောက်ပပါစေ???.." ဆိုပြီး သုသုက စိတ်မကောင်းစွာ ပြောပြထားတာပါ..။

ကရင်တိုင်းရင်းသားစစ်ဘေးရှောင်ပြည်သူတွေအတွက် ကြေကွဲထိခိုက်ခံစားနေကြရတဲ့အကြောင်းတွေကို ပရိသတ်တွေကလည်း Comment တွေမှာ အသီးသီးရေးသားပြောပြထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T