ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နော်ဖောအယ်ထားကတော့ ခုလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တာတွေကိုလည်း လှူဒါန်းပေးလျက်ရှိတာ တွေ့မြင်ရပါတယ်။
အချိန်အားဖြင့် နှစ်လပြည့်ခဲ့ပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်တိုးနေခဲ့သလို ခုဆိုရင် ကလေးငယ်လေးတွေပါ ကြွေလွင့်ခဲ့ရပြီဖြစ်တာကြောင့် ပြည်သူအားလုံးက နှမျောတသစိတ်မကောင်း ဖြစ်မိတာအမှန်ပါပဲနော်။ ပြည်သူအားလုံးကလည်း နိုင်ငံအတွက်အသက်ပေးသွားရှာတဲ့ အာဇာနည်လေးတွေကို ဆုတောင်းပေးခြင်းတွေ အဆက်မပြတ်လုပ်ပေးနေကြသလို အနုပညာရှင်တွေကလည်းကျန်ရစ်သူမိသားစုတွေကိုအားပေးနှစ်သိမ့်ရင်းကူညီမှုတွေလည်းပြုလုပ်ပေးခဲ့ကြပါတယ်။
ဒီနေ့မှာကျရောက်တဲ့ ဧပြီ (၂) ရက်နေ့မှာဆိုရင်လည်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေအတွက် နေရာအနှံအပြားရဲ့ လမ်းမတွေမှာပန်းစည်းတွေချပြီး ဝမ်းနည်းကြောင်းဖော်ပြရင်း ဂုဏ်ပြုပေးကြတဲ့ Flower Strike လှုပ်ရှားမှုလေးကို ပြည်သူအားလုံး ညီညီညွတ်ညွတ်ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။နော်ဖောကလည်း ဒီလှုပ်ရှားမှုလေးမှာပါဝင်ခဲ့တာဖြစ်ပြီး ပန်းလေးတွေနဲ့ အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းဂုဏ်ပြုပေးနေတဲ့ပုံလေးတွနဲ့အတူ " ကျဆုံးပြီးသော ပြည်သူ့ သူရဲကောင်းများကို ဦးညွတ်လျက်!!!အရေးတော်ပုံအောင်ရမည် "ဆိုတဲ့စာလေးကိုဝေမျှခဲ့ပါတယ်။ပရိသတ်ကြီးအတွက်နော်ဖောရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။