စားဝတ်နေရေး ခက်ခဲနေသော သက်ကြီးရွယ်အိုဘိုးဘွားများအတွက် စားသောက်ကုန်နဲ့ အလှူငွေများ လှူဒါန်းခဲ့တဲ့ နေဒွေး

//s9.kh1.co/71/71b9ea65c83e44e8a7c2bd89446f9c3f92572584.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နေဒွေးကတော့  ဗီဒီယိုဇာတ်ကားတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုကိုသိမ်းပိုက်ရရှိထားသူ တစ်ဦးပဲ  ဖြစ်ပါတယ်။  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း  လုပ်ကိုင်နေပြီး   ရရှိတဲ့ငွေကြေးများနဲ့  အလှူရေစက်လက်နဲ့မကွာ  လှူဒါန်းနေတာကိုလည်း  ကြည်နူးဖွယ်  မြင်တွေ့ကြရမှာပါ။လတ်တလော မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာလည်း အနုပညာရှင်တစ်ဦးအနေဖြင့်   ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ပေးနေတာပါ။

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 

လက်ရှိမှာလည်း  အခြေခံလူတန်းစား ပြည်သူများဟာ  စားဝတ်နေရေးအခက်အခဲများစွာနဲ့  ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။  ဒီအခက်အခဲတွေကို ပြည်သူတွေအချင်းချင်းက  တတ်နိုင်တဲ့ဘက်ကနေ  ကူညီဆောင်ရွက်ပေးနေကြတာလည်း  ဖြစ်ပါတယ်။  အနုပညာရှင်များကလည်း အခုချိန်မှာ ရိုက်ကူးရေးတွေ မရှိပေမယ့်လည်း  စုဆောင်းထားတာလေးတွေနဲ့  ပြည်သူများအား ထောက်ပံ့ပေးနေကြတာပါ။

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နေဒွေးရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  ဓာတ်ပုံတစ်ချို့ တင်ထားတာပါ။  ဒါကတော့ စားဝတ်နေရေး ခက်ခဲနေသော သက်ကြီးရွယ်အိုဘိုးဘွားများအတွက် စားသောက်ကုန်နဲ့ အလှူငွေများ လှူဒါန်းခဲ့တဲ့ နေဒွေးရဲ့ ပုံရိပ်တွေပဲ  ဖြစ်ပါတယ်။  သူကလည်း "  ဒီနေ့အလှူ??????

တောင်ဒဂုံ မြို့နယ် မှစားဝတ်နေရေးခက်ခဲနေသောသက်ကြီးရွယ်အိုဘိုးဘွားများအတွက် ဆန် ဆီ ငါးသေတ္တာခေါက်ဆွဲခြောက် နှင့် အလှူငွေများလှုဒါန်းခဲ့ပါသည်?" ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Nay Dway’s Facebook Account 

Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Photo Crd-Nay Dway’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T