သရုပ်ဆောင် ဆောင်းယွန်းစံကတော့ လက်ရှိမှာ အလှူအတန်းတွေ ပြုလုပ်နေရင်းနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ၊ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ အလှူငွေထည့်ဝင် လှူဒါန်းမှုတွေစုပေါင်းကာ စားဝတ်နေရေးခက်ခဲနေသူများ နဲ့ကျဆုံးသွားတဲ့ သူရဲကောင်းတို့ရဲ့ မိသားစုများထံသို့ သွားရောက်ကာ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။
သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန် ဆောင်းယွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဆောင်းယွန်းစံရဲ့ Facebook အကောင့်တွင် နေရပ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်ကရင်တိုင်းရင်းသားတွေအတွက် ဒုတိယအကြိမ်မြောက်လှူဒါန်းရန် ပြင်ဆင်နေကြောင်းကို ရေးသားထားတာပါ။ ပထမအကြိမ်တုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက် အလှူငွေလှူဒါန်းပြီးပြီဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။
" တစ်ဖက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆောင်းယွန်းတို့ရဲ့ ကချင်၊ ကရင် တိုင်းရင်းသား မိဘပြည်သူတွေဟာ နေရပ်ကို စွန့်ခွာပီး စစ်ဘေးကိုရှောင်တိမ်းနေကြရပြန်ပါပြီ ?
အသက်ဘေးကိုရှောင်တိမ်းဖို့အတွက်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိုးအိမ်စွန့်ခွာခဲ့ရတဲ့မိသားစုတွေ၊ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေကိုတွေ့တိုင်း ရင်ထဲကြေကွဲရပါတယ်..
ဆောင်းယွန်းတို့ရဲ့ သွေးချင်းတွေ စစ်ရဲ့ခါးသီးမှုတွေကို ခံစားရတာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ ဆုတောင်းပါတယ် ??
ဒီချိန်မှာ ဆောင်းယွန်းတို့တွေ ဒုတိယအကြိမ် စုပေါင်းလှူဒါန်းမှုလေးအနေနဲ့ နေရပ်စွန့်ခွာရှောင်တိမ်းနေကြရတဲ့ကရင်တိုင်းရင်းသား စစ်ဘေးရှောင်မိသားစုတွေအတွက် အလှူငွေလေးကောက်ခံချင်ပါတယ်ရှင်။
ကရင် စစ်ဘေးရှောင်မိသားစုများထံကို သွားရောက်ကူညီလှူဒါန်းပေးမယ့် သူတွေရဲ့ post လေးတွေတွေ့ရင်လည်းcomment မှာ ပြခဲ့ပေးပါဦးနော်...
ဆောင်းယွန်းလည်း အတတ်နိုင်ဆုံး ကိုယ်တိုင်သွားလှူနိုင်ဖို့အတွက်ကြိုးစားပါမယ်ရှင်...
(ဆောင်းယွန်းတို့လက်ရှိ အဆက်သွယ်ရထားသလောက်က စစ်ဘေးရှောင်စခန်းရယ်လို့ သီးသီးသန့်သန့်မရှိသေးဘဲမြေကျင်းတွေတူးပြီးနေကြရတဲ့အတွက် သွားရောက်ဖို့ အန္တရာယ်များတာမို့လို့ အခြေနေအနည်းငယ်တည်ငြိမ်မှကိုယ်တိုင်သွားရောက်လှူဒါန်းခွင့်ပြုမယ်လို့သိရပါတယ်)
ဆောင်းယွန်းတို့ရဲ့ ပထမအကြိမ်စုပေါင်းလှူဒါန်းမှုလေးမှာတော့ ကချင်စစ်ဘေးရှောင်မိဘပြည်သူတွေအတွက်လည်း လှူဒါန်းပေးနိုင်ခဲ့တာမို့ ပါဝင်လှူဒါန်းပေးကြတဲ့ ပရိတ်သတ်မောင်နှမတွေကိုကျေးဇူးတင်ပါရစေရှင် ?
ဆောင်းယွန်းတို့ ပြည်သူတွေမှာ ပြည်သူပဲရှိတာမို့ တစ်ဦးကိုတစ်ဦးဖေးမရင်း စည်းစည်းလုံးလုံးနဲ့ အနိုင်ယူကြမယ်နော်
ဆောင်းယွန်းတို့ရဲ့ တစ်နိုင်ငံလုံးက သွေးချင်းတွေအားလုံးပဲ အားတင်းထားကြပါ...
ဆောင်းယွန်းတို့ပြည်သူတွေနိုင်တော့မှာပါ ?❤" ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်းသိရှိစေရန်ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Saung Yoon San’s Facebook Account