ဒီကနေ့ ဧပြီလ ၁ရက်နေ့ မနက် ၂နာရီ ဝန်းကျင်မှာ ရန်ကုန်မြို့ရှိ ကုန်တိုက်ကြီးနှစ်ခု မီး​လောင်မှုဖြစ်ပွား

//s9.kh1.co/86/86eb4f310770a1fef4770331b45f9cfbd8947351.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေက ယနေ့အပါအဝင် ရက်ပေါင်း ၆၀ကြာရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ယခုလို အခြေအနေတွေကြောင့် ပြည်သူလူထုတွေ စိုးရိမ်ထိတ်လန့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်းများစွာ ရှိခဲ့ကြတာပါ။ ဒီကနေ့ ဧပြီလ ၁ရက်နေ့မှာတော့ ရန်ကုန်မြို့ရှိ ကုန်တိုက်ကြီးနှစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader

ဧပြီလ ၁ရက်နေ့ မနက် ၂နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ ၃၇ လမ်း ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်း​ထောင့်ရှိ Ruby Mart ကုန်တိုက် နဲ့ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းနှင့် ​ဝေဇယန္တာလမ်း​ထောင့်ရှိ Gandamar Whole Sale ကုန်တိုက်ဟာ တစ်ချိန်ထဲမှာပဲ မီး​လောင်ကျွမ်းခံခဲ့ရတာဖြစ်ပါတယ်။

Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader

အခုလို ကုန်တိုက်ကြီးနှစ်ခု မီး​လောင်တဲ့ အချိန်​ဟာ ပြည်သူလူထုကို ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အချိန်​တွေမှာ လောင်ကျွမ်းတာဖြစ်ပါတယ်။ မီးစတင်​လောင်ကျွမ်းရတဲ့အ​ကြောင်းကို​တော့ ယခုအချိန်ထိ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲ ဖြစ်ပါတယ် ။ အခုလို Ruby Mart နှင့် Gandamar Wholesale မီး​လောင်မှုဖြစ်ပွားခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေထံ ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader
Photo credit - Original Uploader

သတင်း အရင်းအမြစ်Source & Photo credit - Original Uploader

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T