တိုင်းရင်းသားအချင်းချင်း စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့နေထက်လင်း

//s9.kh1.co/ed/edba0938e435f1935856d6be0da43c209f42ab82.jpg
အနုပညာရှင်များ

 ၃၁-မတ်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ အက်ရှင်ဇာတ်ကားကြမ်းကြမ်းတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို နှစ်အတော်ကြာတဲ့အထိအခိုင်အမာရရှိထားသူကတော့ ဝါရင့်အနုပညာရှင်မင်းသားကြီး နေထက်လင်းပဲ ဖြစ်ပါတယ်..။

နေထက်လင်းကတော့ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်ကာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာဖြစ်ပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကျဆုံးသွားကြတဲ့ လူငယ်သူရဲကောင်းတွေအတွက်လည်း စိတ်ထိခိုက်ခံစားနေရတာလည်း ဖြစ်ပါတယ်..။

Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc

လှူဒါန်းမှုတွေနဲ့ တစ်ဖက်တစ်လမ်းကနေ ပြည်သူအတွက်အားဖြည့်ပါဝင်နေတဲ့ နေထက်လင်းကတော့ ရခိုင်ပြည်နယ်စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်..။

စစ်ဘေးရှောင်ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အဝတ်အထည်၊ စာရေးကိရိယာ၊ ကလေးများအတွက်အရုပ်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို အခြားအလှူရှင်တွေနဲ့အတူ စုပေါင်းပြီးကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်..။

Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc

"ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ မဏီရတနာကျောင်းတိုက်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် ဒီကနေ. အလိုတော်ပြည့်ဆရာတော်ကြီးအားအမှူထား၍ ရန်ကုန်အလိုတော်ပြည်ကျောင်းတိုက်ရှိ လက်ထောက်ဆရာတော် ဦးဇင်းဘီလူး(ခ)ရှင်ကုမာရ နှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေထက်လင်း/ဆုဒါလီ/ကိုသန်းဆွေ/ကိုရိုင်တာနှင့်ကွီးဖိုးဇော်တို့မှာ လူကြီးနှင့်ခလေးများအတွက် အဝတ်အထည်/စာအုပ်စာတန်း/ခလေးရုပ်များ/ကလေးတွေနဲ.ပတ်သက်သော အရာများစွာကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှူအစုစုတို့ကို သာဓု၃ကြိမ်ခေါ်စေသော် ???

ယနေ့ စစ်တွေမြို့ရှိ စစ်ဘေး/တိုက်ပွဲရှောင်ပြည်သူများ ခိုလှုံနေရာတွင် ထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ အနန္တသတ္တဝါတွေ ဘေးရန်ကင်းပချမ်းသာကြပါစေ။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ????.." ဆိုပြီး အလှူအကြောင်းကို အသိပေးပြောပြထားတာပါ..။

တိုင်းရင်းသားအချင်းချင်းဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ နေထက်လင်းရဲ့ ပုံရိပ်တွေကတော့ နှစ်သက်ကြည်နူးစရာကောင်းတာမို့ ပရိသတ်တွေလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc
Photo Credit - ဖိုးဇော် Fb Acc

သတင်း အရင်းအမြစ်Nay Htet Lin's Fb Acc & ဖိုးဇော် Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T