ဆိုးရွားလှတဲ့ စစ်ဘေးဒုက္ခဒဏ်ကိုခံလာရတဲ့ တိုင်းရင်းသားမောင်နှမတွေအတွက် ဆို့နင့်ကြေကွဲဝမ်းနည်းနေရတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/36/3657e184a6aaf377d3b9d85960d161f4725792aa.jpeg
အနုပညာရှင်များ

 ၃၁-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်ဖြိုးသုကတော့  လူထုလှုပ်ရှားမှုတွေပါ  ပါဝင်နေရင်း  အခြေအနေအရပ်ရပ်ကြောင့်  တိမ်းရှောင်နေရတာလည်း  ဖြစ်ပါတယ်။ သို့ပေမယ့်လည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  နေ့စဉ်ရက်ဆက်မပြတ်မကွက်  သတင်းအချက်အလက်တွေနဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့  ကျောင်းသားတွေ  ပြန်လွှတ်ပေးဖို့Speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

ဒါ့အပြင် လက်ရှိအခြေအနေမှာ ဝင်ငွေမရှိပေမယ့်လည်း  စုဆောင်းထားတဲ့ ငွေကြေးတစ်ချို့အား  CRPH အတွက်ဒေါ်လာ (၅၀၀) ကို လှူဒါန်းထားတာကိုလည်း  ပရိသတ်တွေ  ထပ်တူဝမ်းမြောက်စေရန်  ဝေမျှပေးထားသေးတာပါ။  မကြာသေးခင်  ရက်ပိုင်းလောက်ကလည်း  ပိုင်ဖြိုးသုရဲ့ Facebook အကောင့်တွင်  ဆိုးရွားလှတဲ့ စစ်ဘေးဒုက္ခဒဏ်ကိုခံလာရတဲ့ တိုင်းရင်းသားမောင်နှမတွေအတွက် ဆို့နင့်ကြေကွဲဝမ်းနည်းနေရကြောင်း ရေးသားထားတာပဲ  ဖြစ်ပါတယ်။  သူတို့တွေအတွက်  တတ်နိုင်တဲ့ဘက်ကနေ  လိုအပ်တာမှန်သမျှ  ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးသွားမယ့်အကြောင်းကိုလည်း...

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 

" ဆိုးရွားလှတဲ့စစ်ဘေးဒုက္ခဒဏ်ကို နှစ်ပေါင်းများစွာ ခံလာရတဲ့ ကချင် ၊ ကရင် အပါအဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ် .... 

အခုအချိန်မှာ အိုးအိမ်တွေကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့မိသားစုတွေ၊ လူမမယ်ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ စစ်ဘေးရှောင်ရင်းအသက်စွန့်သွားရတဲ့ပြည်သူတွေ၊ ပြိုကွဲသွားရတဲ့မိသားစုတွေအားလုံးအတွက်လည်း ဆို့နင့်ကြေကွဲဝမ်းနည်းရပါတယ်.....

မိသားစုတွေ ဘဝတွေနဲ့ရင်းပြီး စစ်ဘေးဒုက္ခခံစားနေရတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက် ကျွန်မတို့တတ်နိုင်တဲ့ဘက်ကနေ 

ဝိုင်းဝန်းကူညီစောင့်ရှောက်သွားပါမယ်လို့ ကတိပြုပါတယ် ??? " ဆိုပြီး ရေးသားထားတာကို  ပရိသတ်တွေလည်း  သိရှိစေရန်အတွက်  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Phyoe Thu’s Facebook Account 

Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Photo Crd-Paing Phyoe Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T