အလှမယ် ဟန်လေးကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Miss Grand International ပြိုင်ပွဲယှဉ်ပြိုင်ရန် ရောက်ရှိနေတာပါ။ ပြိုင်ပွဲကာလပြီးသွားပေမယ့်လည်း အခြေအနေအရပ်ရပ်ကြောင့် မြန်မာနိုင်ငံသို့ မပြန်ရသေးဘဲ ထိုင်းနိုင်ငံတွင် နေထိုင်နေရတာပါ။ ပြည်ပမှာ ရောက်ရှိနေပေမယ့်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေတာတွေအား သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် speak out လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့ အခြေအနေများကိုလည်း သူမဆီသို့ သတင်းတွေပို့ပေးဖို့အတွက်လည်း ပရိသတ်တွေကို တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပရိသတ်တွေနဲ့ အနုပညာရှင်များကလည်း ကမ္ဘာ့အလယ်တွင် မြန်မာ့နိုင်ငံအရေးကို ရဲဝံ့စွာ ထုတ်ဖော်ပြောကြားခဲ့တဲ့ သူမရဲ့စိတ်ဓာတ်ကို လေးစားနေကြတာပါ။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း ဟန်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ထိုင်းနိုင်ငံရောက် မြန်မာများမှ စုပေါင်းကာဂုဏ်ပြုပန်းစည်းနဲ့ ငွေသားအချို့လာပေးခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာနေကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။
သူမကလည်း " ဟန်လေးကို ထိုင်းနိုင်ငံရောက်မြန်မာတွေစုပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ ပန်းစည်းနဲ့ သူတို့တတ်နိုင်တဲ့ဘက်ကပေါင်းပြီး ဂုဏ်ပြုပိုက်ဆံလာပေးကြတယ်.အရမ်းကျေးဇူးတင်ပါတယ် ပိုက်ဆံလက်ခံရမှာ အားနာပေမယ့် သူတို့အားလုံးစုပေါင်းပြီး ဂုဏ်ပြုတဲ့အနေနဲ့ပေးတာဆိုပြီး Hotel ထိလာပြီးတကူးတကလာသွားတာ ? ဟန်လေးဒီပိုက်ဆံတွေကို အကျိုးရှိတဲ့နေရာ လှူဒါန်းရမယ့်နေရာတွေမှာ ပြန်ပြီး အကျိုးရှိရှိသုံးပါမယ်ရှင်...ဟန်လေးကိုထောက်ပံ့ပေးကြတာကျေးဇူးတင်ပါတယ် နောက်တစ်ခါဆိုရင်တော့ ဟန်လေး အလှူငွေ လက်မခံတော့ဘူးနော်..ဟန်လေးအတွက်အစား မြန်မာနိုင်ငံက သူတွေတွက်လိုအပ်တဲ့နေရာတွေပိုလှူပေးကြပါ ??အားလုံးကိုကျေးဇူးတင်ပါတယ် ❤️
#HL
#MissGrandMyanmar2020 " ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Han Lay’s Facebook Account