ပြည်သူတွေနဲ့အတူ စုပေါင်းပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့နေရာကို သွားရောက်လှူဒါန်းခဲ့တဲ့ Oasix

//s9.kh1.co/95/951401c23bb49380121e1c5a4bb8fb19b76b7e61.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် Oasixကတော့ ဒီကနေ့ မတ်လ ၂၉ရက်နေ့မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့ နေရာထံ သွားရောက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။ အလှူငွေကျပ် ၂၄၀၀၀၀ကျပ်အပြင် ဆန် ဆီ ဆား စောင် ခြင်ထောင် ခေါင်းအုံး အဝတ်အထည်မျိုးစုံ ခေါက်ဆွဲခြောက်နဲ့ လူအသုံး အဆောင်တွေကို လှူဒါန်းခဲ့တာပါ။ 

Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page

အလှူပစ္စည်းတွေက အရမ်းများတာကြောင့် ၃ခေါက်တိတိခွဲသယ်ရတဲ့ အကြောင်းကိုလည်း သူရဲ့ Facebook Account ထက်မှာ ရေးသားမျှဝေလာခဲ့ပါတယ်။ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့တဲ့ သူရဲ့ ပုံရိပ်တွေအပြင် အခုလို လှူဒါန်းရတဲ့အကျိုးကြောင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု အစစ်အ​မှန်ရရှိပါစေဆိုပြီး ဆုတောင်းခဲ့ပါသေးတယ်။ 

Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page

ဒါ့အပြင် သူလို့ လှူဒါန်းချင်တဲ့ နောက်ထပ်အလှူရှင်တွေအတွက်လည်း သူတို့ဆီမှာ အဝတ်အစားတွေက အဆင်ပြေနေပြီမို့ ဖြစ်နိုင်ရင် လူအသုံးအဆောင်တွေရယ် အိမ်ပြန်ဆောက်ဖို့ သစ်သားတို့ ငွေကြေးတို့ အဓိကလိုပါတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။ အခုလို လိုအပ်နေတဲ့ နေရာတွေမှာ သွားရောက်လှူဒါန်းခဲ့တဲ့ Oasix ရဲ့ ပုံရိပ်တွေနဲ့ ရေးသားထားတဲ့ စာသားတွေကိုလည်း ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page
Photo credit - Oasix's Facebook Page

သတင်း အရင်းအမြစ်Source & Photo credit - Oasix's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T