သူငယ်ချင်းများနဲ့စုပေါင်းပြီး ကောက်ခံရရှိထားသော အလှူငွေများအား ဒဏ်ရာရရှိထားတဲ့ ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ ခရစ္စတီးနား

//s9.kh1.co/82/826d53ca64cfbc4e7812f895f0260ac0411cff9f.jpeg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ခရစ္စတီးနားကတော့  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  အချိန်အတော်ကြာအောင်  အနုပညာလောကကနေ  ပျောက်ကွယ်ခဲ့ပေမယ့်လည်း  အားလုံးရဲ့ ချစ်ခင်မှုတွေကို ရရှိနေဆဲပါ။ သူမကတော့ အရေးကြုံတဲ့ အခါတိုင်း  ပြည်သူတွေနဲ့အတူ  မှန်ကန်တဲ့ဘက်ကနေ   ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်း  မမှားနိုင်ပါဘူးနော်။ 

Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 

 ခရစ္စတီးနားကတော့  အခက်အခဲတွေကြားထဲကနေ  လူထုလှုပ်ရှားမှုတွေမှာလည်း  တက်ကြွစွာပူးပေါင်းဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင် ဒီလှုပ်ရှားမှုမှာပါဝင်ရင်း  အသက်ပေးခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက်လည်း တတ်နိုင်တဲ့ ဘက်ကနေ  အလှူငွေများလည်း  လှူဒါန်းပေးနေတာပါ။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  သူငယ်ချင်းများနဲ့စုပေါင်းပြီး ကောက်ခံရရှိထားသောအလှူငွေများအား ဒဏ်ရာရရှိထားတဲ့ ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ။

Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 
Photo Crd-Crist Aye Myat’s Facebook Account 

သူမကလည်း " ဒီနေ့သမိုင်းဘက်မှာရာဘာကျည်ထိသွားတဲ့ အသက်၈၅နှစ်အရွယ်အဘ နဲ့ မျက်လုံး ရာဘာကျည်ဝင်သွားလို့ခွဲစိတ်ထားတဲ့ တစ်နှစ်ခွဲသမီးငယ်လေးအိမ်ကိုသူငယ်ချင်းများနှင့်အတူသွားရောက်အားပေးပြီး အလှူငွေစုစုပေါင်း( ၉ သိန်း)လှူခဲ့ပါတယ်.. ပါဝင်အားဖြည့်လှူတန်းပေးတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းလည်း ကျေးဇူးပါရှင့် ....အားလုံးလည်း ဘေးအန္တရာယ်ကင်းစွာနေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ကြပါစေရှင် ???" ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း သိရှိနိုင်စေရန်  ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတက်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Crist Aye Myat’s Facebook Account 

https://s9.kh1.co/__image/w=650,h=487,q=100/d8/d8f8007791c766f59981bd2ebac96d5314cc2613.jpeg
https://s9.kh1.co/__image/w=650,h=343,q=100/30/3065bba5bb80e7916e9219a364bf1dab2fdbf6be.jpeg
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T