သာကေတမြို့နယ်က စားဝတ်နေရေးခက်ခဲနေတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တဲ့ နေဒွေး

//s9.kh1.co/5d/5db40dedae1a8b582016e8b3f6b7c94d7daac6b2.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောနေဒွေးကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ နေဒွေးကတော့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ်လုပ်နေပြီး အလှူအတန်းတွေမှာလည်း ပြည်သူတွေအတွက် အမြဲအားပေးကူညီနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

အမြဲတမ်းလိုလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ နေဒွေးကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အဖိုးအဖွားပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။

သာကေတမြို့နယ်မှာရှိတဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေအပြင် အလှူငွေတွေလည်းလှူဒါန်းခဲ့တာဖြစ်ပြီး အလှူကိုလည်း အသိပေးဝေမျှထားပါသေးတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

"ဤနေ့ကုသိုလ်??????

သာကေတမြို့နယ်တွင်းရှိ စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုဘိုးဘွားများအတွက် ဆန် ,ဆီ ,ခေါက်ဆွဲခြောက် ,လက်ဖက်,ငါးသေတ္တာ ,ကိတ်မုန့်များ နှင့် လိုအပ်တာသုံးဖို့ ငွေသား ၃၀၀၀၀ ကျပ် တို့ကို BTZ လူငယ်အဖွဲ့နှင့်အတူလှုဒါန်းပေးခဲ့ပါတယ်ခင်ဗျ??????

ဤကုသိုလ်သည် JITTOO အော်ဂန်းနစ်ဆန်များကိုဝယ်ယူအားပေးကြတဲ့ ချစ်သောပရိသတ်များအားလုံးစုပေါင်းအလှုဖြစ်ပါတယ်ခင်ဗျ??????.." ဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှထားတာပါ..။

အဖိုးအဖွားတွေအတွက်လည်း ဖေးမကူညီမှုလေးတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းနေတဲ့ နေဒွေးရဲ့ကုသိုလ်အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nay Dway's Fb Acc
Photo Credit - Nay Dway's Fb Acc

သတင်း အရင်းအမြစ်Nay Dway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T