အခုလို အခြေအနေမှာ ကြပ်တည်းနေတဲ့ ပြည်သူအချို့အတွက် စားသောက်စရာတွေကို လှူဒါန်းခဲ့တဲ့ ထက်အောင်ရှိုင်း

//s9.kh1.co/24/2434c2b2773a8e4b094c2fe7053e2cb99668f387.jpg
အနုပညာရှင်များ

 ၂၈-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ထက်အောင်ရှိုင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တစ်တပ်တစ်အားအနေနဲ့ ပါဝင်အားဖြည့်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ နေ့စဥ်ဆက်တိုက်ဆိုသလို လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေသလို သူရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေကို အများပြည်သူသိအောင် Speak outလုပ်ပေးနေတဲ့ သူပဲ ဖြစ်ပါတယ်။ 

Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account

ဒါ့အပြင် လူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေထံ သွားရောက်လှူဒါန်းလေ့ရှိတာကို တွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၂၈ရက်နေ့မှာတော့ ထက်အောင်ရှိုင်းက ​ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူတွေထံ ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာတွေကို လှူဒါန်းနေခဲ့တာဖြစ်ပါတယ်။ 

Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account

စေတနာသဒ္ဓါတရားထက်သန်စွာ အလှူပြုနေတဲ့ ထက်အောင်ရှိုင်းရဲ့ ပုံရိပ်တွေအပြင် " ကျွန်တော့်မှာ လက်နှစ်ဖက်ရှိတယ် တစ်ဖက်က "ပြည်သူ့သတ်မတော်" မတရားအုပ်ချုပ်တဲ့နိုင်ငံတစ်နိုင်ငံရဲ့ သေနတ်သံတွေ ကျည်ဆန်တွေရဲ့ကြားမှာ ဒုက္ခဆင်းရဲတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အောက်ပြုတ်မကျအောင် တစ်ခုခုကိုမြဲမြဲဆုပ်ကိုင်ထားရတဲ့လက်ဆိုရင်ကျန်တဲ့လက်တစ်ဖက်က ပြည်သူအချင်းချင်းကမ်းတဲ့လက်ပဲ ဖြစ်ချင်ပါတယ် ရှိသလောက်အင်အားနဲ့ပေါ့ဗျာ အရေးတော်ပုံ အောင်ရမည် " ဆိုတဲ့ စာသားကိုလည်း ရေးသားမျှဝေထားပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေဘက်က ရပ်တည်နေသလို လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းနေတဲ့ ထက်အောင်ရှိုင်းရဲ့ စာသားတွေနဲ့ ပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ 

Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account
Photo credit - Htet Aung Shine's Facebook Account

သတင်း အရင်းအမြစ်Source & Photo credit - Htet Aung Shine's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T