အကာအရံတံတိုင်းတွေ ဖယ်ရှားခံထားရတာကြောင့် လမ်းတွေရှင်းနေတဲ့ စမ်းချောင်း

//s9.kh1.co/ce/cedeccaaf605fd0a43d93b363693144ed8439740.jpg
နေ့စဉ်သတင်းများ

 ၂၀-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

စမ်းချောင်း မြို့နယ်အတွင်းမှာတော့ ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းလောက်ထဲက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတာကိုတွေ့ရပါတယ်။

အရင်နေ့တွေက အကာအရံတံတိုင်းတွေများစွာတွေ့ရတဲ့ ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းမပေါ်မှာဆိုရင်လည်း ပြည်သူတွေ ပြုလုပ်ထားတဲ့ အကာအရံတံတိုင်းတွေ ဘာမှမရှိတော့တာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/8f/8f55257172d3ab64605d257a9119680da9aa217a.jpg
https://s9.kh1.co/__image/w=650,h=867,q=100/30/30535ae65d761f7eb38c8acbdc71738723d5e423.jpg

မနေ့က နေ့လည်ပိုင်းလောက်တုန်းကဆိုရင်လည်း ဆန္ဒပြပြည်သူတွေကို ဖြိုခွဲပီးနောက်မှာ  လမ်းမှာကာရံထားတဲ့ တံတိုင်းတွေဟာ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သဲအိတ်တွေကိုလည်း ကားပေါ်တင်ယူဆောင်သွားခဲ့ပြီး အဲ့အချိန်ထဲက အကာအရံတံတိုင်းတွေ ပြန်လုပ်လို့ မရတော့ဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/7a/7a4a69716d07c3206d00490301e68820bd22fb19.jpg
https://s9.kh1.co/__image/w=650,h=867,q=100/f0/f0649db037efb0536cb4143563a90db2ce422444.jpg

စမ်းချောင်းမြို့နယ်အတွင်းက နေရာအချို့မှာဆိုရင်လည်း ဒီကနေ့မနက်ပိုင်းလောက်ထဲက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတာကြောင့် ဆန္ဒထုတ်ဖော်ဖို့အတွက် လူစုလို့မရဘူးလို့ သိရပါတယ်။

ဒါ့အပြင် အရင်က အကာအရံတံတိုင်းတွေ ပြုလုပ်ထားတဲ့ နေရာတော်တော်များများကလည်း ယခုမြင်တွေ့နေရတဲ့ ပုံတွေထဲကအတိုင်း ရှင်းလင်းနေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/54/54d55c13061aaf66e23b87e41445f5524a4b5c45.jpg
https://s9.kh1.co/__image/w=650,h=867,q=100/81/81a499c3d2b38e61cce2be0298176a44e0494746.jpg
https://s9.kh1.co/__image/w=650,h=867,q=100/d0/d0b47536d94eda87d155ade5008119f294df4d5b.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T