ရခိုင်ပြည်၊မြောက်ဦးမြို့နယ်တိမ်ညိုစစ်ဘေးရှောင်စခန်းမီးဘေးသင့်အတွက် အလှူငွေသိန်းတစ်ရာ့လေးဆယ်ကျော်ရရှိခဲ့တာကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရတဲ့ ရှိုင်း

//s9.kh1.co/d9/d9cff77d6498b220cebb9f44d26ddc1fd7b2b335.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်ပြီး အောင်မြင်မှုတွေရရှိနေတဲ့ ရခိုင်တိုင်းရင်းသားအဆိုတော်လေးဖြစ်တဲ့ရှိုင်းကို ပရိသတ်ကြီးအားလုံး သိကြမယ်ထင်ပါတယ်။ အခုဆိုရင်လည်း ရှိုင်းဟာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါ၀င်နေတာဖြစ်တဲ့အပြင် ရခိုင်ပြည်၊မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ဘေးရှောင်စခန်း မီးဘေးသင့်အတွက်လည်းတတ်နိုင်တဲ့ဘက်ကနေ အလှူငွေကောက်ခံကာလှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page

ဒီအကြောင်းအရာလေးကို ရှိုင်းဟာသူ့ရဲ့ Facebookစာမျက်နှာမှာ "ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲတယ်ဗျာ . . . ???ဒီနေ့ ရခိုင်ပြည် ၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း မီးဘေးသင့် အတွက် အလှူခံ post တင်ပြီးတဲ့အချိန်ကစပြီး အလှူရှင်တွေ အားရပါးရ ဝိုင်းလှူလိုက်ကြတာ အခုလက်ရှိ ဒီ post တင်ချိန် အထိ အလှူငွေ စုစုပေါင်း သိန်း ၁၄၀၇၆၁၇၈ ကျပ် ( သိန်း တစ်ရာ့လေးဆယ် ခုနှစ်သောင်းခြောက်ထောင်တစ်ရာခုနှစ်ဆယ့်ရှစ်ကျပ် ) တိတိကို လက်ခံရရှိခဲ့ပါတယ် . . . ဒါတောင် ငွေလွှဲလက်ခံတဲ့ ဘဏ် acc တွေ ဒီနေ့အတွက် amount limit ပြည့်သွားလို့ မလှူလိုက်ရပဲ နောက်နေ့ ထပ်လှူမယ့်အလှူရှင်တွေ လာပြောထားတာတွေ ကျန်ပါသေးတယ် ။

Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page

"ကျွန်တော့်အနေနဲ့ ဒီမီးဘေးသင့်အတွက် အလှူငွေတွေကို ၂၀ ရက်နေ့မနက်ပိုင်းလောက်ထိ ကောက်ခံပေးသွားမှာဖြစ်ပါတယ် . . . ဘဏ်ထဲကအလှူငွေတွေကို အပြင်မှာ ငွေသားထုတ်ယူဖို့အခက်အခဲတွေကို ဖြေရှင်းဖို့ရယ် ၊ များပြားလှတဲ့ အလှူရှင်စာရင်းတွေကို စီစစ်ဖို့ရယ်အတွက်လည်း အချိန်ယူရဦးမှာ ဖြစ်တာမို့ အလှူမှတ်တမ်းတွေ ၊ အလှူရှင်စာရင်းတွေကို သွားလှူပြီးတဲ့ အချိန်မှသာ အတတ်နိုင်ဆုံး အချိန်နှင့် တပြေးညီ တင်ပေးသွားပါ့မယ် ခင်ဗျာ . . . ရခိုင်ပြည်အတွက် စိတ်ပူပေးပြီး ကျွန်တော့်ဆီမှာ ယုံယုံကြည်ကြည်နဲ့ အလှူငွေ ထည့်ဝင်ပေးကြတဲ့ အလှူရှင်တစ်ဦးတစ်ယောက်စီတိုင်းကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ . . . ??အဖရခိုင်ပြည်ကြီး အေးချမ်းပါစေ . . . #Save_Arakan....." ဆိုပြီး ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်......။

Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page
Photo credit-​ SHINE's Facebook page

သတင်း အရင်းအမြစ်SHINE's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T