လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်.....။ အခုလိုပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပူးပေါင်းပါ၀င်ကြတဲ့အနုပညာရှင်တွေအပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး ကူညီအားဖြည့်မှုတွေပြုလုပ်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိကြတာလည်းကို ပရိသတ်ကြီးတွေ့မြင်ကြမယ်ထင်ပါတယ်။
အခုလိုမျိုးပြည်သူတစ်ယောက်အနေနဲ့ တာပွန်ကျေပွန်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင်လင်းအောင်ခေတ်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ လင်းအောင်ခေတ်ဟာလူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ကာကွယ်မှုတွေနဲ့အတူပြုလုပ်နေသလို ထိခိုက်ကျဆုံးသွားခဲ့တဲ့လူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်...... ။
အခုဆိုရင်လည်း လင်းအောင်ခေတ်ဟာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ သွေးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ အခုလိုလှူဒါန်းခဲ့တဲ့အကြောင်းအရာလေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "စိတ်ရင်းမှန်နဲ့လှုတဲ့သွေးမို့...အသက်ရှည်ရှည် နေပေးပါ ??????" ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.....။
သတင်း အရင်းအမြစ်៖ Lin Aung Khit's Facebook acc