ရင်နာစရာတွေပဲ မြင်တွေ့နေရတာကြောင့် ပြည်သူတွေအတွက်ဆုတောင်းပေးရင်း သူမရဲ့ခံစားချက်လေးတွေကို မျှဝေခဲ့တဲ့ သဉ္ဇာနွယ်၀င်း

//s9.kh1.co/8d/8df5b324f25372385fffa74961be4170112dd8c5.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုရရှိတဲ့သူတစ်ဦးဖြစ်တဲ့ မင်းသမီးချော သဉ္ဇာနွယ်၀င်းကိုပရိသတ်ကြီးသိကြမယ်ထင်ပါတယ်.....။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေဝိုင်း၀န်းကူညီပေးကြကာ ပြည်သူနဲ့အတူတသားတည်းရပ်တည်နေကြတာကို တွေ့ရပါတယ်။

Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင် နေရာအနှံ့အပြားမှာဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပြီး ထိခိုက်ကျဆုံးသူဦးရေလည်း များပြားလာနေပြီဖြစ်ပါတယ်။ အခုလိုစိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေကြောင့် အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းကူညီမှုတွေလုပ်ကြသလို ဆုတောင်းမေတ္တာပို့မှုတွေလည်း ပြုလုပ်ပေးနေကြတာပါ.....။

Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc

မကြာသေးမီကလည်း သဉ္ဇာနွယ်၀င်းက သူမရဲ့ Facebookစာမျက်နှာမှာ "fb ကြည့်လိုက်ရင် စိတ်မကောင်းစရာ ရင်နာစရာတွေပဲမြင်နေရလို့ ဖုန်းကိုင်ဖို့တောင်အားမရှိတော့ဘူး။ နေ့ခင်းတွေမှာလမ်းပေါ်က ပြည်သူ ပြည်သားတွေကိုစိတ်ပူရပြီး ညဘက်တွေမှာလူတိုင်းကိုအေးအေးချမ်းချမ်းနဲ့အိပ်စက်အနားယူခွင့်လေးရဖို့ပဲဆုတောင်းမိပါတယ်။ အချိန်မတန်ခင် ကြွေလွင့်ရတဲ့လူတွေထပ်မရှိအောင် သမာဒေဝနတ်ကောင်းနတ်မြတ်တွေ ကြည့်ရှု့မစပေးကြပါ......" ဆိုပြီး ဆုတောင်းပေးကာ ခံစားချက်အချို့မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်......။

Photo credit-Thinzar Nwewin's Facebook acc
Photo credit-Thinzar Nwewin's Facebook acc
https://s9.kh1.co/__image/w=650,h=429,q=100/d8/d8777d033b91af5c612f215e6ba599a4202f2852.jpg

သတင်း အရင်းအမြစ်Thinzar Nwewin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T