နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးသွားခဲ့တဲ့မင်္ဂလာဒုံမြို့နယ်က သူရဲကောင်းတွေအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ လင်းအောင်ခေတ်

//s9.kh1.co/53/537cac2f695b1d4d6b90598d332533a613615846.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် လင်းအောင်ခေတ်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်.....။

Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc

လင်းအောင်ခေတ်ဟာ လူထုလှုပ်ရှားမှုတွေကိုလည်း တတ်နိုင်သရွေ့ပူးပေါင်းပါ၀င်နေတာဖြစ်ပြီး ကိုယ်တိုင်ရဲရဲဝံ့ဝံ့နဲ့ကာကွယ်မှုတွေပြုလုပ်ပေးနေသူဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးအရှိန်အဟုန်ကောင်းလာတာနဲ့အမျှ ဖြိုခွင်းမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး ထိခိုက်ကျဆုံးသူအရေအတွက်လည်း အများအပြားရှိလာနေတာကိုပါတွေ့ရပါတယ်။ အခုလို နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးသွားခဲ့တဲ့သူရဲကောင်းတွေအတွက် လင်းအောင်ခေတ်ဟာ တတ်နိုင်တဲ့ဘက်ကနေ လှူ‌ဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc

ဒီအကြောင်းအရာလေးကိုလည်း လင်းအောင်ခေတ်ဟာ Facebookစာမျက်နှာမှာ "တိုင်းပြည်အတွက် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေ အတွက် ကျွန်တော်တို့ ဘက် က ကျန်ခဲ့ တဲ့ မိသားစုတွေ ကို ကူညီစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်..သွားရောက် လှူဒါန်းချင်တဲ့ လူတွေ အတွက် လဲ ပုံ အောက် မှာ လိပ်စာ ဖုန်း နံပတ် ရေးပေးထားပါတယ်....." ဆိုပြီး မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်......။

Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc

သတင်း အရင်းအမြစ်Lin Aung Khit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T