မနက်အစောပိုင်းမှာ ဖြိုခွင်းခံရပေမယ့် အကာအကွယ်တွေပြန်လုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ စမ်းချောင်းက လူထုလှုပ်ရှားမှု

//s9.kh1.co/da/dae256a2f7c659bdce7f70476e9695f6cfe38912.jpg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

နေ့စဥ် တားဆီးဖြိုခွင်းမှုတွေ ရှိနေပေမယ့် စမ်းချောင်းမြို့နယ်၊ ရပ်ကွက် လမ်းသွယ်တွေထဲက Generation X,Y,Z တွေရဲ့ လူထုလှုပ်ရှားမှုတွေဟာ ဆက်လက်ချီတက် နေဆဲပါ။ မတ်လ ၁၄ ရက်နေ့ ယနေ့မနက်ပိုင်း ၁၀နာရီကျော်လောက်က ဒီမီုကရေစီအရေးလှုပ်ရှားမှုအတွက် စုရုံးနေစဥ်အချိန်လေးမှာပဲ ပြည်သူများပြည်လုပ်ထားတဲ့ အကာအကွယ်အတားအဆီးများကို ဘူဒိုဇာဖြင့် ဖယ်ရှားဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

ယင်း လာရောက်ဖြိုခွင်းတဲ့အချိန်မှာ ရပ်ကွက်နေပြည်သူများက တခြားတစ်ဖက်သို့ ခေတ္တရှောင်တိမ်း နေခဲ့ရပါတယ်။ တစ်ဖက်မှ ဖြိုခွင်းပြီး ငြိမ်သက်သွားတဲ့အခါ ပြည်သူများကလည်း အကာအကွယ်များကို ပြန်လည်တည်ဆောက်ခဲ့ကြတာကို တွေ့ရပါတယ်။ ယင်းနောက် လူငယ်များက လမ်းမပေါ်ကို ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ လမ်းမပေါ်ပြန်ရောက်လာတဲ့ လူထုလှုပ်ရှားမှုမှာ လူငယ်အများစုကတော့ R2P ဆိုင်းဘုတ်ကိုကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

ဒါ့အပြင် ဒီလူထုလှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူတစ်ဦးက R2P ဆိုင်းဘုတ်ကို ကိုင်ဆောင်တာနဲ့ ပတ်သက်ပြီး " တကယ်ပဲ R2P ကို အခုအ​ရေးမှာ အကောင်အထည်ဖော်မယ်ဆိုရင် အကိုတို့ပြည်သူတွေဘက်ကလည်း R2P ကို ထောက်ခံတဲ့အပြင် ကိုယ်တိုင်ပါဝင်ဖို့အသင့်ရှိနေတာကို ပြချင်တဲ့သဘောပါ "ဆိုပြီး ပြောပြခဲ့ပါတယ်။ ကဲ....ပရိသတ်ကြီးရေ မတ်လ ၁၄ ရက် ၊ ယနေ့ မနက်ပိုင်း စမ်းချောင်းမြို့နယ်ထဲက လူထုလှုပ်ရှားမှု အခြေအနေတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

သတင်း အရင်းအမြစ်Source - MyanmarloadTV

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T