သူမရဲ့ဖုန်းကိုကောက်ရတယ်ဆိုပြီး Postတင်ကာ ကောလဟာလလွှင့်နေသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ပြောဆိုလိုက်တဲ့ အေးသောင်း

//s9.kh1.co/c3/c3b2436245a9c01151fedadee803c7513197a6f5.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သူမရဲ့ဖုန်းကိုကောက်ရတယ်ဆိုပြီး Postတင်ကာ ကောလဟာလလွှင့်နေသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ပြောဆိုလိုက်တဲ့ အေးသောင်း

ပြည်သူတွေကတော့ အခက်အခဲတွေများစွာကြုံနေရပေမယ့်လည်း အမှန်တရားတစ်ခုတည်းကိုသာစွဲကိုင်ပြီး စိတ်ခွန်အားအပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေပါတယ်။ အနုပညာတွေများစွာကလည်း ရဲရဲဝင့်ဝင့်နဲ့ အမှန်တရားဘက်က ရပ်တည်နေကြပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေကြပါတယ်။ မင်းသမီးမအေးသောင်းကတော့ ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc

ယခုမှာတော့ အေးသောင်းတစ်ယောက်ဟာ အခက်အခဲကြုံနေချိန် မိတ်ဆွေအစစ်တွေကို သိခွင့်ရခဲ့ပြီး စိတ်ပူနေကြတဲ့ သူငယ်ချင်းတွေရဲ့စာတွေကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။အေးသောင်းကတော့ သူမရဲ့ဖုန်းကိုကောက်ရတယ်ဆိုပြီး Postတင်ကာ ကောလဟာလလွှင့်နေသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။သူမက" စိတ်ပူပြီးမေးကြတဲ့သူငယ်ချင်းတွေရဲ့ စာတွေတွေ့ရတော့ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ် အခက်အခဲကြုံချိန်မှာမိတ်ဆွေစစ်တွေကိုသိရသလို မပေါင်းသင်းအပ်သောသူစိတ်သဘောထားမပြည့်ဝသောသူများ/ ပြည့်ဝသောသူများကိုလည်း မှတ်မှတ်ရရရှိခဲ့ပါပြီ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc

သူမကတော့ " မန္တလေးမှာရောက်နေစဉ် အိပ်စရာနေရာပေးကြသောတစ်ဦးချင်းစီကို ကျေးဇူးတင်ရပါတယ် နောက်ပြောချင်တာကတော့ ကျမ ဖုန်း လုံးဝ (လုံးဝ) မပျောက်ပါဘူးနော် ဖုန်းကောက်ရတယ်ဆိုတဲ့ ပို့စ်တင်နေတဲ့သူတွေကို အရင်ဆုံးကျောက်ပျဉ်နဲ့ထမီတထည်အရင်ပို့ပေးပါရစေ ပြီးမှထပ်တင်ပေါ့ ကျမရောက်တဲ့နေရာမှာတာဝန်ကျေစေရမှာပါလို့ ပဲကတိပေးပါရစေ နေ့တိုင်းလုပ်ဆောင်မှုတွေ ကိုတော့အကောင့်မှာအချိန်နဲ့တပြေးညီတင်နိုင်တော့မှာမဟုတ်ကြောင်း ပြောချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: Aye Thaung ' s Facebook Acc

Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Photo Credit: Aye Thaung ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T