မင်းသားချောလေးလင်းအောင်ခေတ်ကတော့ ဒီလူထုလှုပ်ရှားမှုကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ဒါ့အပြင်သူရဲ့ ဖေ့ဘွတ်အကောင့်မှာလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းတွေ့ရပါတယ်။
လူငယ်တစ်ယောက်ပီပီ ယုံကြည်ချက်တွေအတွက် အသက်အန္တရာယ်တွေ ခြိမ့်ခြောက်ခံရမှုတွေကို မမူဘဲ ခုချိန်ထိပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကာ သတ္တိရှိရှိ လှုပ်ရှားမှုတွေပြုလုပ်နေတာကြောင့် ပြည်သူပရိသတ်တွေကပိုမိုအချစ်ပိုနေရတာပါ။ဒါ့အပြင် သူသိသမျှဗဟုသုတအပြင်သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ရရာနေရာအစုံကနေ အားဖြည့်ပေးနေတာလည်းတွေ့ရပါတယ်။
အခုလည်း လူထုလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ကာကွယ်ပေးရင်းအသက်ဆုံးရှုံးသွားရတဲ့ အာဇာနည်သူရဲကောင်း ချစ်မင်းသူရဲ့အိမ်ကို ကိုယ်တိုင်သွားရောက်ကာ ဂုဏ်ပြုပေးရင်း ကျန်ရစ်သူမိသားစုကိုလည်း အားပေးနှစ်သိမ့်ခဲ့ကြောင်းခုလိုဖော်ပြလာပါတယ်။" အာဇာနည် ညီလေး ချစ်မင်းသူ ကောင်းရာဘုံ ရောက်ပါစေကွာ..ညီလေး လိုချင်တဲ့ ဒီမိုကရေစီ ရအောင်လည်း အစ်ကိုတို့ ဆက်လက်တိုက်ပွဲ ဝင်သွားပါမည် "ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေကို ဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။