မြန်မာနိုင်ငံတွင် လက်ရှိချိန်မှာ ဖြစ်ပေါ်နေသော ကိစ္စကြောင့် ပြည်သူတွေဟာ နေ့စဉ်ဆိုသလို ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိပါတယ်။ တချို့က လမ်းမပေါ်ထွက် ဆန္ဒပြကြသလို တချို့ကတော့ သက်ဆိုင်ရာ လမ်းတွေမှာပဲ အတားအစီးတွေချကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ သို့သော်လည်း မြို့နယ်တော်တော်များများမှာ ဖြိုခွဲခံရမှုတွေရှိပြီး ကျဆုံးသူတွေလည်း ရှိပါတယ်။
ကျဆုံးသူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့လည်း အတားအစီးများစွာကို ပြုလုပ်လာကြသလို မိမိကိုယ်ကိုကာကွယ်ကြဖို့လည်း လုပ်ဆောင်နေကြပါတယ်။ တချို့နေရာတွေမှာ လမ်းမတွေကိုအတားအစီးတွေချထားကြပြီး တချို့နေရာတွေမှာတော့ ကင်းသမားတွေချထားကာ ဂိတ်တံခါးများလည်း ပြုလုပ်ထားကြပါတယ်။
ဒီကနေ့ မတ်လ(၁၂)ရက်နေ့ ရန်ကုန်မြို့သာကေတမြို့နယ် လမ်းမများရပ်ကွက်များရဲ့ညနေပိုင်းအခြေအနေတွေကိုလည်း ပုံမှာတွေ့ရှိရမှာပါ။ " လမ်းတွေပိတ်ပြီးသွားလာရ ခက်အောင် တမင်လုပ်ထားတာ မဟုတ်ပါဘူး။ ဘယ်အချိန် လာဖမ်းကြမလဲ ... ဘယ်အချိန်လာပြီး ပစ်ကြမလဲ ဆိုတာမသိဘူး ... လက်နက်မရှိတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ရွာ မြို့နယ်နေပြည်သူများ လုံခြုံစေလိုတဲ့ ဆန္ဒနဲ့ ကာကွယ်ထားကြတာပါ" လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။