ယုံကြည်ချက်တွေအတွက်လှုပ်ရှားပါဝင်ရင်း ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကို အလှူငွေများလှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

//s9.kh1.co/e7/e7482ed43ec549521a149aa6028b2f24f29ce1f7.jpeg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေအများစုပါဝင်လှုပ်ရှားနေတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် အချိန်ကာလအားဖြင့် တစ်လကျော်ကြာခဲ့ပြီဖြစ်ပါတယ်။အစပိုင်းမှာတော့ ပြည်သူအားလုံးက ရင်ထဲကဆန္ဒတွေကို ညီညီညာညာဟစ်ကြွေရင်း ငြိမ်းချမ်းစွာရှိနေခဲ့ပေမယ့် ခုချိန်မှာတော့ အပစ်အခတ်တွေ ဖြိုခွင်းမှုတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေကို ပြည်သူတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

အခုဆိုလည်း မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံအပြားမှာ ပစ်ခတ်မှုတွေရှိနေတာကြောင့် သေဆုံးသူတွေများပြားခဲ့ရာ ဒဏ်ရာရရှိသူတွေလည်း ရှိနေခဲ့ပါတယ်။သေဆုံးသူတွေရဲ့ သတင်းတွေတက်လာတိုင်း ပြည်သူအားလုံးက သွေးသားမတော်စပ်ပေမယ့်လည်း မိသားစုနဲ့ထပ်တူ မျက်ရည်ကျကာ ကြေကွဲဝမ်းနည်းခဲ့ကြတာအမှန်ပါပဲနော်။ကမ္ဘာတစ်ဝှမ်းကလည်း ဆိုးဝါးလွန်းတဲ့ ခုအခြေအနေတွေကိုစိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

ဒါ့အပြင်အနုပညာရှင်တွေကလည်း တိုက်ပွဲမှာ အသက်ဆုံးရှုံးသွားတဲ့ သူရဲကောင်းတွေ ဒဏ်ရာရရှိသူတွေရဲ့မိသားစုတွေဆီကိုသွားရောက်ကာ အလှူငွေတွေလှူဒါန်းကာ ကူညီဖေးမခဲ့ကြတာလည်းလေးစားစွာတွေ့မြင်ရပါတယ်။အခုလည်းရွှေပိုးတစ်ယောက် မိတ်ဆွေတွေနဲ့စုပေါင်းကာ ကြွေလွင့်သွားတဲ့ အာဇာနည် သူရဲကောင်းတွေကို အလှူငွေများလှူဒါန်းခဲ့ပြန်ပါတယ်။အလှူပုံလေးတွေနဲ့အတူ" ရွှေပိုးနှင့် မိတ်ဆွေများရဲ့ ကူငွေနှင့်ကိုအာကာဟိန်း ကူငွေများစုပေါင်းပြီး ကိုအာကာဟိန်းမှ အားလုံးကိုယ်စား သူရဲကောင်းမောင်လေးချစ်မင်းသူ အိမ်ကို သွားကူပေးခဲ့ပါတယ် မောင်လေး ကောင်းရာသုဂတိလားပါစေ"ဆိုတဲ့စာလေးကိုဝေမျှထားရာပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account
Source & Photo Credit : Shwe Poe Eain Facebook Account
Source & Photo Credit : Shwe Poe Eain Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T