မတ်လ ၁၂ ရက်နေ့ သာကေတမြို့နယ်ထဲက Generation X,Y,Z တို့ရဲ့ တညီတညွတ် ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်း

//s9.kh1.co/8e/8e9a21e4149727345e2cfc34032726c6c817cccc.jpg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာ​ပြည်သူပြည်သားတွေ အမှန်တကယ်လိုလားကြတဲ့ ဒီမီုကရေစီအရေးဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေစပြီး မှေးမိန်ခဲ့တာဆိုရင် ယနေ့ ရက်ပေါင်း ၄၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီရက်ပေါင်း ၄၀ ရှိလာတဲ့ အချိန်လေးမှာ နေရာဒေအသီးသီးက အမှန်တရားကိုလိုလာကြတဲ့ Generation X,Y,Zတို့က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တညီတညွတ် လူထုလှုပ်ရှားမှုတွေကို အထင်ကရမြို့ကြီးတွေရဲ့ လမ်းမပေါ်တွေမှာ မိမိတို့ ခံယူချက်တွေကို တားဆီးပိတ်ဆို့မှုတွေကြားကနေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

ယနေ့ မတ်လ ၁၂ ရက်မှာလည်း ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ်ထဲက Generation X,Y,Z တို့ရဲ့ လှုပ်ထုလှုပ်ရှားမှုဟာ နေ့စဥ် တားဆီးထိန်းသိမ်းတာတွေရှိနေပေမယ့် မလျော့သောဇွဲတွေနဲ့ ဆက်လက်အားကောင်းနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဖြိုခွင်းမှုတွေရှိလာခဲ့ရင်လည်း ဒဏ်ရာအနာတရမရှိအောင် ရဲဝံ့တဲ့ Generation Z တွေက ရှေ့ဆုံးကနေ ဒိုင်းကာတွေနဲ့ ကာကွယ်ဖို့ ပြင်ဆင်ထားပါသေးတယ်။ ယင်းနောက် မိမိတို့ရဲ့ အနာဂတ်အိမ်မက်တွေအတွက် ဒီမီုကရေစီပြန်လည်ရရှိအောင် စည်းစည်းလုံးလုံး သံပြိုင်ဟစ်ကြွေးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

မတ်လ ၁၂ ရက် ယနေ့မနက်ပိုင်းအထိကို သာကေတမြို့နယ်က Generation X,Y,Z တို့ရဲ့ စည်းစည်းလုံးလုံးရှိတဲ့ သပိတ်စစ်ကြောင်းဟာ လာရောက်တားဆီးတာတွေမရှိသေးဘဲ အေးချမ်းနေတာ တွေ့ရပါတယ်။ ဒီသပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ G Xတစ်ဦးကလည်း"လောလောဆယ်ထိကတော့ အခြေအနေ အေးဆေးပါ.... ရပ်ကွက်နေပြည်သူတွေကလည်း ငြိမ်းချမ်းစွာနဲ့ဘဲဆန္ဒထုတ်ဖော်ကြပါတယ်၊ ရှေ့မှာ အတားအဆီးတွေထားတာလည်း ကလေးတွေလုံခြုံအောင် အတွက်ပါ.....လူငယ်တွေရဲ့တက်ကြွမှု ကြိုးပမ်းမှုကို ချီးကျူးမိတယ်" ဆိုပြီး Myanmarload သို့ ပြောကြားခဲ့ပါတယ်။ ကဲ... ပရိသတ်တွေအတွက် ယနေ့မနက် သာကေတမြို့နယ်ထဲက Generation X,Y,Z တို့ရဲ့ သပိတ်စစ်ကြောင်း အခြေအနေလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV

သတင်း အရင်းအမြစ်Source - MyanmarloadTV

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T