ဒီကနေ့ ကျောက်မြောင်းရပ်ကွက် အနီးတဝိုက် ဆန္ဒထုတ်ဖော်မှု မြင်ကွင်းများ

//s9.kh1.co/d1/d1dde7a7cdcb495e969181caedfa7afbf5ab747a.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကျောက်မြောင်းရပ်ကွက်အတွင်းမှာတော့ နေတိုင်းနီးပါး ဖြိုခွင်းခံနေရပေမယ့် သပိတ်စစ်ကြောင်းတွေကတော့ ထွက်ရှိနေဆဲဖြစ်ပါတယ်။

ကျောက်မြောင်းရပ်ကွင်းအတွင်းမှာ တာမွေမြို့နယ်သူ မြို့နယ်သားတွေပါဝင်တဲ့ တာမွေသပိတ်စစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းလောက်က လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး ကျားကွက်သစ်လမ်းမပေါ်မှာ အထိုင်သပိတ်အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/00/00f879d6245b0100bae13b9a77c5b0bfa575ad65.jpg
https://s9.kh1.co/__image/w=650,h=487,q=100/be/be38e6b85b0437bb27101744f3027a666d122e9b.jpg

ကျောက်​မြောင်း သြဘာလမ်းထိပ်မှာဆိုရင်လည်း ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူအများအပြားကိုရှိနေခဲ့တာကိုတွေ့ရပါတယ်။

ဒါပေမယ့် ဒီကနေ့နေ့လည်ပိုင်းလောက်မှာတော့ ကျောက်မြောင်းရပ်ကွက်အတွင်းက ဆန္ဒပြပြည်သူတွေဟာ လူစုခွဲဖြိုခွင်းခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/00/0049a27d95f2c958e224bbd78c8b0dd2c4b63b9b.jpg
https://s9.kh1.co/__image/w=650,h=488,q=100/2e/2e047a174e0d218cb3fc00716ba47b0db4064712.jpg

ဖြိုခွင်းမှုအတွင်းမှာတော့ အသံဗုံးတွေအပြင် သေနတ်တွေနဲ့ပါ ပစ်ဖောက်ဖြိုခွင်းခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဖြိုခွင်းခံရပြီးနောက်မှာလည်း ကျောက်မြောင်းရပ်ကွက်အနီးနားတစ်ဝိုက်မှာ ရဲကားနဲ့ စစ်ကားအစီးရေ ပိုတိုးလာခဲ့တာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/17/17f1b2d02b5f81f4874b0818413ce02b39e3d791.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T