လှိုင်မြို့နယ်က Generation XYZ တို့ရဲ့ ညီညွတ်တဲ့ လူထုလှုပ်ရှားမှု

//s9.kh1.co/42/42927b690666b1ea3d9f5765972f657e09249a0b.jpg
နေ့စဉ်သတင်းများ

 ၁၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လက်တလောမြန်မာနိုင်ငံ‌တွင် ဖြစ်ပေါ်နေလျက်ရှိသော ကိစ္စကြောင့် လူထုလှုပ်ရှာမှုများဟာ ယနေ့တိုင် တည်ရှိလျက်ရှိပါတယ်။ မြို့နယ်တိုင်းလိုလိုမှာလဲ Generation XYZ တွေဟာ အတူတကွ လူထုလှုပ်ရှားမှုများ ပြုလုပ်နေကြတာကို တွေ့ရှိရမှာပါ။ အင်အားသုံးဖြိုခွဲမှုတွေ ရှိနေပေမယ့်လဲ ယနေ့ချိန်ထိ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြတုန်းပါပဲ။

https://s9.kh1.co/__image/w=650,h=488,q=100/2a/2ac996ac5410775595fa390af938a21e0d481e23.jpg
https://s9.kh1.co/__image/w=650,h=488,q=100/21/219a971aa20c4ce883bda2c502f0cd397f5e7da1.jpg

ယခုဆိုရင်လဲ လှိုင်မြို့နယ်အတွင်း လူထုလှုပ်ရှားမှုကို အင်းစိန်လမ်းမပေါ်တွင်ပြုလုပ်လျှင် အင်အားသုံးဖြိုခွင်းခြင်းကို အကြိမ်ကြိမ် လွယ်လင့်တကူ ခံရပါတယ်။ ဒါကြောင့် ပြည်သူတွေက လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းကို ရှောင်ရှားပြီး လမ်းသွယ်တွေမှာပဲ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေကြတာကုိ တွေ့ရှိရမှာပါ။ တခြားမြို့နယ်တွေမှာလဲ အရင်လို လမ်းမပေါ်ထက် သက်ဆိုင်ရာ လမ်းသွယ်တွေမှာပဲ လူများစုဝေးကာ ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/3b/3b5605614114b6d549f411400fad632ab95a802f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/eb/eb8b9463db7c22db022a6527ee80cbff3eb352fc.jpg

ယနေ့ မတ်လ၊ ၁၁ ရက်နေ့မှာတော့ လှိုင်မြို့နယ်အတွင်းက Generation XYZ တို့ အတူပူးပေါင်းပြီး ဖြိုခွဲခံရခြင်း မရှိနိုင်အောင် လမ်းအကာအကွယ်များ၊ ရှေ့တန်းဒိုင်းအကာအကွယ်များ အပြင် တစ်ဦးနဲ့တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့လျှင် ကာကွယ်ဖို့ ဆေးအဖွဲ့အကူအညီတွေနဲ့ပါ ညီညွတ် ငြိမ်းချမ်းစွာနဲ့ဆန္ဒထုတ်ဖော်နေတာကိုတွေ့ရပါတယ်။ လူငယ်တွေပီသစွာ စည်းစည်းလုံးလုံး လုပ်ဆောင်လျက်ရှိတာကိုပါ တွေ့ရှိကြရမှာပါ။ ပရိသတ်ကြီး‌ကိုလဲ လှိုင်မြို့နယ်က အခြေ‌အနေတွေကို ပုံနဲ့အတူ ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/a1/a1e70dc40c7ded659a87f6f2d111d1f323c1197e.jpg
https://s9.kh1.co/__image/w=650,h=488,q=100/0e/0e9676b81d1d070276b057f936b9dbc70c4f470c.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T