စားသုံးမိရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ အစားအစာများ

//s9.kh1.co/c6/c6881bfdd4943d64cdd1337cc36741695a0370d8.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

နေ့စဉ်စားသုံးတဲ့ အစားအစာအမျိုးအစားပေါင်းများစွာထဲမှာ အာဟာရရှိစေတဲ့ အစားအစာတွေ ရှိသလို တချို့သောအစားအစာတွေဟာ ဆိုရင်တော့ စားသုံးမိရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က အန္တရာယ်ရှိတဲ့ အစားအစာများအကြောင်းကို ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) မြေပဲ

https://s9.kh1.co/__image/w=650,h=374,q=100/88/882ed79d4d5ef2568a9e178ab77df037ee4148a5.jpg

စစ်တမ်းကောက်ယူချက်တွေအရ မြေပဲကြောင့် ဓာတ်မတည့်မှုဖြစ်ကာ သေဆုံးမှုဖြစ်ရပ်တွေဟာ နှစ်စဉ် အမေရိကန်နိုင်ငံမှာ ၁၁ ဦးခန့် ရှိတယ်လို့ ဆိုပါတယ်။ မြေပဲနဲ့ ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေကတော့ မြေပဲစားပြီးတဲ့အခါ လည်ချောင်းထဲမှာ ယားယံ တင်းကျပ်လာရာကနေ အသက်ရှုကျပ်သည်အထိ ဖြစ်ပေါ်တာမျိုးတွေ ဖြစ်တတ်ကြောင်း သိရပါတယ် ။

(၂) အစိမ်းရောင်သမ်းတဲ့ အာလူးများ

https://s9.kh1.co/__image/w=650,h=250,q=100/88/882abb7a36e937f995417b8d622187773cad79f6.jpg

အလင်းရောင်နဲ့ အပူချိန်တို့ကြောင့် အာလူးတွေဟာ အချိန်နဲ့အမျှ ဓာတုပစ္စည်းတမျိုးဖြစ်တဲ့ solanine ဓာတ်ကို ထုတ်လွှတ်တတ်ကြပြီး ဒီဓာတ်ဟာဆိုရင်တော့ ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့်မို့လို့ အစိမ်းရောင်သမ်းတဲ့ အာလူးတွေကို ဝယ်လာမိပြီ ဆိုရင်တော့ အစိမ်းရောင်ဖြစ်ပေါ်နေတဲ့ အပိုင်းကို လှီးဖြတ်ပြီးမှသာ စားသုံးသင့်ပါတယ်။

(၃) မှို

https://s9.kh1.co/__image/w=650,h=350,q=100/56/5691ab775bc7920c812990d64e8822951c96ec38.jpg

မှိုမျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲမှာ စားဖို့ မသင့်တော်တဲ့ မှိုအမျိုးအစားနဲ့ စားလို့ရတဲ့ မှိုတွေကိုတော့ ခွဲခွဲခြားခြား သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ စားဖို့ မသင့်တော်တဲ့ မှိုတွေကို ချက်ပြုတ် စားသောက်မိမယ်ဆိုရင် နာတာရှည်အသည်းရောဂါ၊ ကျောက်ကပ်ပျက်စီးတာနဲ့ အချိန်အကြာကြီး သတိလစ်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ မှိုတောက်တာ (မှိုဆိပ်သင့်တာမဖြစ်ရအောင် ) မှိုတွေကို နည်းအမျိုးမျိုး နဲ့ ဒေသအသီးသီးမှာ စမ်းသပ်ကြတာတွေရှိပါတယ်။

(၄) ပီလောပီနံဥ

https://s9.kh1.co/__image/w=650,h=366,q=100/7c/7cb169513977033fe80d9714234d180733a7e48f.jpg

ပီလောပီနံဥတွေမှာ ကစီဓာတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်ကို အဆိပ်သင့်စေတဲ့ cyanide ( ဆိုင်ယာနိုက်) ဓာတ်ဟာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ပီလောပီနံဥကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ပီလောပီနံကို သေချာစွာအခွံနွှာပြီး ခပ်ကြာကြာချက်ပြုတ်ပြီးမှ စားသုံးမယ်ဆိုရင်တော့ cyanide ဓာတ်တွေကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Healthy

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T