ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်း ကိုမင်းဦးနဲ့ လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့တဲ့ မီးရထားဝန်ထမ်းများအတွက်ပါ အလှူငွေလှူဒါန်းပေးခဲ့တဲ့ ငွေဇင်လှိုင်းတို့ မိသားစု

//s9.kh1.co/0f/0fcc34b519d807ecbbb2c084b7687127d48e1b89.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာတော့ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူပြည်သားတွေက အားကြိုးမာန်တက်ဖြင့် နေ့စဥ် လူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ကြွေလွင့်ခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ သူတွေအပြင် လူထုလှုပ်ရှားမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းများကို စေတနာရှင်ပြည််သူတွေနဲ့ အနုပညာရှင်တွေက အလှူငွေဝိုင်းဝန်းကူညီ ထောက်ပံံ့လှူဒါန်းပေးတာ ရှိပါတယ်။ ယင်း သူရဲကောင်းတွေအတွက် အလှူငွေများ တတ်နိုင်တဲ့ဘက်နေ လှူဒါန်းပေးနေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ငွေဇင်လှိုင်းတစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။

Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account

ငွေဇင်လှိုင်းက အမှန်တရားကိုလိုလားကြတဲ့ ပြည်သူပြည်သားတွေ နဲ့အတူ ဒီမီုကရေစီအရေးကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့သလို တ​တ်နိုင်ဘက်ကနေ စားသောက်စရာများ ဝေငှလှူဒါန်းပေးတာလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင် ငွေဇင်လှိုင်းတို့ မိသားစုက နောက်ထပ်မွန်မြတ်တဲ့ အလှူလေးကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ကြွေလွင့်ခဲ့ရတဲ့ မြောက်ဥက္ကလာက အာဇာနည်သူရဲကောင်း ကိုမင်းဦးနဲ့ မီးရထားဝန်းထဲက လူထုလှုပ်ရှားမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ သူရဲကောင်းဝန်ထမ်းတွေအတွက် အလှူငွေလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account
Photo Credit - Ngwezin Hline fb account

ဒါ့အပြင် ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာ " ဒီနေ့အတွက် ငွေဇင်တို့ မိသားစုမှ ​အာဇာနည် ကိုမင်းဦးရဲ့ ကျန်ရစ်သူမိသားစုများအတွက် အလှူငွေ (၁)သိန်းကျပ် နှင့်အတူ မီးရထား CDM ဝန်ထမ်းများအတွက် အလှူငွေ (၁) သိန်းကျပ် တို့ကို လှူဒါန်းပေးထားပါတယ် .....သွားရောက်လှူပေးတဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ...တချို့နေရာတွေ ဆက်သွယ်နေဆဲပါ ကာယကံရှင်များလက်ထဲ အရောက်ပို့ဖို့ရာ သွားရေး လာရေး အခက်အခဲများကြောင့် ကြာနေရတယ် " ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်တွေလည်း အာဇာနည် သူရဲကောင်းတွေအတွက် မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ငွေဇင်လှိုင်းတို့ မိသားစုကို စုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

သတင်း အရင်းအမြစ်Source - Ngwezin Hline fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T