ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ ဇာခြည်ကတော့ ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်သလို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များပါ ကိုယ်တိုင်ချက်ပြုတ်လှူဒါန်းလျက်ရှိပါတယ်။
ခုလိုအစစအရာရာဘက်ပေါင်းစုံကနေပါဝင်ကူညီအားဖြည့်ပေးနေတဲ့အနုပညာရှင်တွေရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးကခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက်အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။
အခုလည်းဇာခြည်တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့အလှူလေးမှာ ကိုယ်တိုင်ပါဝင်ကူညီချက်ပြုတ်ပေးရင်း ကုသိုလ်ကောင်းမှုပြုခဲ့ပြန်ပါတယ်။ဇာခြည်ကတော့ နေ့ဘက်တွေမှာလည်း လှုပ်ရှားမှုပြုလုပ်နေတဲ့ပြည်သူတွေကို ချက်ပြုတ်လှူဒါန်းသလို ညဘက်ကင်းစောင့်သူတွေကိုလည်း အစားအသောက်များလှူဒါန်းနေတာဒီနေ့ထိတိုင်ပါပဲ။ကဲ..ပရိသတ်ကြီးအတွက်ဇာခြည်ရဲ့ပုံလေးတွေကိုမျှဝေပေးရင်း သူမရဲ့တတ်နိုင်သလောက်ကူညီအားဖြည့်ပေးနေတဲ့ စိတ်ဓာတ်လေးကိုဂုဏ်ပြုလိုက်ကြအောင်။
Source & Photo Credit : Zar Chi Facebook Account