ချစ်သူသားဂန်းကို စိတ်သဘောထားကွဲလွဲမှုတွေနဲ့ ဝေဖန်ပြောဆို​နေကြတဲ့အပေါ် ပြန်လည်ရှင်းပြလာခဲ့တဲ့ ဘေဘီမောင်

//s9.kh1.co/b6/b61b32065d93accab42d97df40bf0816beac3bb0.jpg
အနုပညာရှင်များ

 ၁၀-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မော်လ်ဒယ် သရုပ်ဆောင် ဘေဘီမောင်က အနုပညာငွေကြေးထဲကနေ မကြာခဏဆိုသလို အခက်အခဲဖြစ်နေတဲ့ သူတွေကို တတ်နိုင်သလောက် အလှူအတန်းတွေ လှူဒါန်းပေးတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ ချစ်သူ သားဂန်းတို့က လတ်တလောမှာ တရားမျှတတဲ့ ဒီမီုကရေစီကို ပြန်လည်ရှင်သန်နိုင်ဖို့အတွက် အဖက်ဖက်က ကြိုးပမ်းဆောင်ရွက်နေတဲ့ အချိန်လေးမှာ တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ပြည်သူတွေနဲ့အတူ တစ်သားတည်း အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။

Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page

ဒါ့အပြင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် အလှူငွေများကို ဘေဘီမောင်တို့ ချစ်သူတွေက ကူညီလှူဒါန်းပေးတာ တွေ့ရပါတယ်။ ချစ်သူနှစ်ယောက် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ လုပ်ဆောင်ပေးနေတဲ့ အချိန်လေးမှာ ချစ်သူသားဂန်းကို သဘောထားကွဲလွဲပြီး  ဝေဖန်နေကြတဲ့အပေါ် ​ဘေဘီမောင်က အဖြစ်အမှန်တွေကို ပြန်လည်ရှင်းပြလာခဲ့ပါတယ်။ "ကျွန်မရဲ့ချစ်သူ သားဂန်းက တအားအနေအေးသူပါ ဒါမဲဲ့သူက ဆန္ဒမပါရင် ဘာတစ်ခုမှစိတ်လိုလက်ရ လုပ်တဲ့သူမဟုတ်ပါဘူးရှင်.....

Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page

ခုလိုမြင်ရ ကြားရတာ စိတ်တကယ့်တကယ် ထိခိုက်ပါတယ်ရှင်... ကျွန်မတို့၂ဦးလုံးက စိတ်ဆန္ဒမတူညီရင် ဘယ်ပရဟိတမှ လုပ်မယ့် သူတွေမဟုတ်ပါဘူး......အခုလို ပရဟိတတိုင်းမှာ ၂ဦး၂ဖက်သဘောတူကြည်ဖြူ ဆုံးဖြတ်ပြီး ရှေ့တက်ကြတာပါ......သူရဲ့အကောင့် တကယ်လော့ကျနေပါတယ်.... ခုလိုချိန်မှာလိုသူရော မလိုသူရော ရူပ်ထွေးနေတဲ့အတွက် ကျွန်မအကောင့်မှာ စိတ်တူကိုယ်တူစုံတွဲပုံများနဲ့တကွ တတ်နိုင်တဲ့ဖက်က တိုက်ပွဲဝင်နေပါတယ်.....စိတ်သဘောထားမကွဲလွဲစေချင်ပါဘူးရှင်.....သူ့ဆန္ဒမပါဝင်ပဲ အခုလိုဆန္ဒဖော်ထုတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့ ချစ်သူခင်သူကြား သဘောထားမကွဲလွဲစေချင်လို့ တောင်းပန်မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်" ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးလည်း ပရဟိတအလုပ်တွေကို တတ်နိုင်တဲ့ဘက်ကနေ လုပ်ကိုင်ပေးနေကြတဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦးကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး။

Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page
Photo Credit - Baby Maung fb page

သတင်း အရင်းအမြစ်Source - Baby Maung fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T