ကြွေလွင့်ခဲ့ရတဲ့ ဖျာပုံမြို့က အာဇာနည်သူရဲကောင်း ကိုသီဟဦးအတွက် စေတနာရှင်များနဲ့ စုပေါင်းပြီး အလှူငွေလှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/31/31bda302ade1aa711cbd40582d924f9fd8e40234.jpg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် ချယ်ရီသင်းက လတ်တလောလူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါဝင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်တွေနဲ့ ကျည်ထိလူနာတွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပေးနေတာ တွေ့ရပါတယ်။ ဒီလိုလှူဒါန်းမှုတွေမှာ စေတနာရှင်တွေနဲ့ စုပေါင်းပြီး ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

ဒါ့အပြင် ကူညီလှူဒါန်းပေးတဲ့ အလှူလေးတွေကိုလည်း ပရိသတ်တွေနဲ့ အလှူရှင်များ ကြည်နူးပီတိဖြစ်အောင် လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း မတ်လ (၈) ရက်နေ့က အနာဂတ်အိမ်မက်တွေ မပျောက်သွားဖို့ တရားမျှတတဲ့ဒီမီုကရေစီအရေးကို ပြန်လည်ရရှိအောင် တိုက်ပွဲဝင်ရင်း အသက်ပေးလိုက်ရတဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့က အာဇာနည်သူရဲကောင်း ကိုသီဟဦးရဲ့ နောက်ဆုံးခရီးအတွက် အလှူငွေ ပေးအပ်လှူဒါန်းပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page
Photo Credit - Cherry Thin fb page

ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောပြထားရာမှာ "မနေ့က ဖျာပုံက ဆုံးသွားတဲ့ ကိုသီဟဦး အတွက် ပြည်တွင်းပြည်ပမှစေတနာရှင်များစုပေါင်းလှူဒါန်းထားတဲ့ အလှူငွေထဲမှ(၅)သိန်းကျပ်ကို အကို့အမျိုးသမီးထံပို့ပေးပြီးပါပြီ အိမ်အထိ အလှူငွေသွားရောက်ပို့ပေးတဲ့သူငယ်ချင်း Shine Hpone Myat ကိုလည်းကျေးဇူးပါ....ကောင်းရာသုကတိလားပါစေကိုကြီးရေ" ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ အာဇာနည်သူရဲကောင်းတွေကိုအတွက် တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပေးခဲ့တဲ့ အဆိုတော် ချယ်ရီသင်းကို ဂုဏ်ပြုစကားလေး ပြောခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - Cherry Thin fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T