ဖြိုခွင်းခံရပေမယ့် သပိတ်စစ်ကြောင်းတွေ ရှိနေဆဲဖြစ်တဲ့ စမ်းချောင်း ကျွန်းတောလမ်း

//s9.kh1.co/5f/5f5cae847bf513a0a20ceff2f631042b0f55b247.jpg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့ညက စမ်းချောင်း ကျွန်းတောလမ်းဟာ  အင်အားသုံးဖြိုခွဲမှုကို ခံခဲ့ရပေမယ့်လည်း ဒီကနေ့မနက်ပိုင်းမှာတော့ ကျွန်းတောလမ်း ပေါ်မှာချီတက်ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဆယ့်တစ်နာရီ ဝန်းကျင်အချိန်လောက်မှာတော့ လူငယ်တွေပါဝင်တဲ့ သပိတ်တစ်ခုဟာ အသံဗုံးတွေနဲ့ ခြောက်လှန့်ခံရပြီး ဖြိုခွဲခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/16/1631c46d6f8d1744247d5845f355a7a43cc1158e.jpg
https://s9.kh1.co/__image/w=650,h=299,q=100/50/50bb2ddf3228adea54ed3fce5047b72f16b190f4.jpg

နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာတော့ ကျောင်းသားတွေ ၊ အလုပ်သမားတွေနဲ့ ကဗျာဆရာတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ဖြိုခွဲခံရတဲ့ ကျွန်းတောလမ်းတစ်လျှောက်ကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ ကျွေးကျော်သံတွေနဲ့အတူ ကျွန်းတောလမ်းတစ်လျှောက်မှာရှိတဲ့ လမ်းတွေထဲကို တစ်လမ်းဝင်တစ်လမ်းထွက် ချီတက်ဆန္ဒပြခဲ့တာကိုတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/81/8150140bc7b2b6995c8f37fbebf42120c20b02f1.jpg
https://s9.kh1.co/__image/w=650,h=299,q=100/53/53611623d14eab421c69a9cceedf563128d646e2.jpg

သပိတ်စစ်ကြောင်း ချီတက်ရာ လမ်းတိုင်းမှာရှိတဲ့ ရပ်ကွက်နေပြည်သူတွေကိုလည်း အားပေးစကားတွေ ပြောခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အခြားသော နေရာအချို့မှာ ပတ်ခတ်ဖမ်းဆီးမှုတွေရှိခဲ့ပေမယ့် ဒီသပိတ်စစ်ကြောင်းကတော့ အောင်မြင်စွာချီတက် ဆန္ဒထုတ်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=299,q=100/14/142e19261235b891c3aed5a3f08863743a4e92dd.jpg
https://s9.kh1.co/__image/w=650,h=299,q=100/2f/2f90e5afd686b5c90699f2c6bb56d09768de0ec0.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T