မတ်လ ၈ ရက်နေ့ညက ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ညသပိတ်မြင်ကွင်းများ

//s9.kh1.co/39/3935f1bf62fc7f400c197fe953d0a9c041859736.jpg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

မတ်လ 8 ရက်နေ့ နေ့လည်ပိုင်းလောက်က စမ်းချောင်းမြို့နယ်အတွင်းမှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူစုခွဲဖြိုခွင်းမှုကို ခံရပြီးနောက် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အနီးတဝိုက်က အိမ်တွေမှာ ပိတ်မိနေခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေဟာ စမ်းချောင်းကျွန်းတောလမ်း မှာ တပ်စွဲထားခဲ့ပြီး လမ်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။

ညပိုင်းအချိန်အရောက်မှာ ဧည့်စာရင်းစစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အိမ်တွေထဲကို ဝင်ရှာဖို့ လုပ်ခဲ့ကြပြီးနောက်မှာတော့ ဆူပူမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး ညသပိတ်တွေ စတင်ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ec/ec308f649ff7a0000ed727c0e396196de2584faa.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/ec/ec308f649ff7a0000ed727c0e396196de2584faa.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/1c/1c36aff6a83a341c2f570979b151974165799c99.jpeg

ည ၈ နာရီကျော်ကျော်လောက်မှာတော့ ကြည့်မြင်တိုင် မြို့နယ်က ပြည်သူအချို့ဟာ စမ်းချောင်းမြို့နယ်အတွင်းမှာ ပိတ်မိနေတဲ့သူတွေနဲ့ မြို့သူမြို့သားတွေအတွက် လမ်းမပေါ်ထွက်လာကာ ရပ်တည်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ရန်ကုန်တိုင်းအတွင်းက အလုံ ၊ရွှေဂုံတိုင်၊လမ်းမတော် ၊ရေကျော် ၊ မရမ်းကုန်း ၊လှည်းတန်း ၊ တာမွေ ၊ မြေနီကုန်း ၊ သင်္ကံန်းကျွန်း ၊ ကျောက်မြောင်း ၊ တောင်ဥက္ကလာ ၊

ပန်းဘဲတန်း ၊ ကမာရွတ် ၊ ဗဟန်း ၊ သာကေတနဲ့ အခြားမြို့နယ်အချို့မှာ ပြည်သူတွေလမ်းမပေါ်ထွက်ပြီး ညသပိတ်အဖြစ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/73/7335136fcfc9caf588011830a36fee421cd42a4c.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/11/114ff9ba2825b40d08899b5533ca8f5b12a10a4c.jpg
https://s9.kh1.co/__image/w=650,h=488,q=100/79/79b75911b9dfddef41bf7c4d90b3bd22f1678f65.jpg

ယခုမြင်တွေ့နေရတဲ့ ဓာတ်ပုံတွေဟာဆိုရင်လည်း

ရုန်ကုန်တိုင်းအတွင်းက မြို့နယ်အသီးသီးမှာ

စမ်းချောင်းကိုဖိရင်အကုန်ထမယ်ဆိုတဲ့ ကျွေးကျော်သံနဲ့အတူ ဖိနှိပ်ဖြိုခွင်းခံနေရတဲ့ စမ်းချောင်းအတွက် လမ်းမပေါ်ထွက်ပြီး ရပ်တည်ပေးနေကြတဲ့ ပုံရိပ်တွေပဲ ​ဖြစ်ပါတယ်။

ဒီညသပိတ်အတွင်းမှာတော့ မြို့နယ်အလိုက် များပြားလှတဲ့ လူအုပ်ကြီးတွေဟာ ကျွေးကျော်သံတွေနဲ့အတူ စမ်းချောင်းက ပြည်သူတွေ အဆင်ပြေစေရန်အတွက် ဆုတောင်းပေးနေကြတာကိုလည်း တွေ့ရပါတယ်။

အချို့သော မြို့နယ်တွေမှာတော့ အသံဗုံးတွေ ၊ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ပီး လူစုခွဲခံခဲ့ရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b0/b0d4b92cd687aee5cb7bbadaa45923bd3cef6a0d.jpg
https://s9.kh1.co/__image/w=650,h=488,q=100/36/368f6acbc009e574b3256cef1374afddd17ab210.jpg
https://s9.kh1.co/__image/w=650,h=488,q=100/85/854730f519c730110c548d6977fa7f47cef7fe89.jpg
https://s9.kh1.co/__image/w=650,h=488,q=100/59/59f8dbf76324199c730a3bc49198ae866c89a873.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T