လူသေတွေရဲ့ ရုပ်အလောင်းကိုတူးဖော်ပြီး နှစ်စဥ်ကျင်းပလေ့ရှိတဲ့ အင်ဒိုနီးရှားက Ma'nene ပွဲတော်

//s9.kh1.co/e1/e1386d119a0eadcf12312308ad7d0e99b709241c.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း ပွဲတော်တွေ များစွာထဲကမှ ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ထူးထူးဆန်းဆန်းပွဲတော် တစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒီပွဲတော်ကတော့ Ma'nene လို့ခေါ်တဲ့ ပွဲတော်တစ်ခုဖြစ်ပြီး သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တူးဖော်ပြီး အလှပြင်ပေးကာ

ရွာထဲမှာ လှည့်လည်ပြသကြတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

Photo credit - Mirror
Photo credit - Mirror
Photo credit - Mirror
Photo credit - Mirror

အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ဆူလာဝါစီ တိုရာဂျာရွာမှာ သုံးရက်ကြာကျင်းပလေ့ရှိတဲ့ ဒီပွဲတော်မှာ ရွာသားတွေဟာ ဆွေမျိုးတွေရဲ့ ရုပ်အလောင်းတွေကိုသာမက ကလေးတွေရဲ့ ရုပ်အလောင်းကိုပါ ပြန်လည်တူးဖော်ကြပါတယ်။

အဲ့ဒီနောက်မှာ ရုပ်အလောင်းတွေကို နေရောက်အောက်မှာ အခြောက်ခံကာ သန့်စင်ဆေးကြောပေးပြီးတဲ့နောက်မှာတော့ အဝတ်အစားအကောင်းတွေဝတ်ဆင်ပေးပြီး မိတ်ကပ်တွေ ပြင်ဆင်ချယ်သပေးကြပါတယ်။

Photo credit - Mirror
Photo credit - Mirror
Photo credit - Mirror
Photo credit - Mirror

အဲ့ဒီနောက်မှာတော့ ရုပ်အလောင်းတွေကိုသယ်ဆောင်ပြီး ရွာလမ်းတစ်လျှောက် ပြုံးရွှင်နေတဲ့ မျက်နှာတွေနဲ့ လှည့်လည်ကြပါတယ်။

အဲ့ဒီလို လှည့်လည်နေတဲ့အချိန်အတွင်းမှာ ရွာသားတွေဟာ ငိုလို့မရပါဘူး၊ ဘာ့ကြောင့်လဲဆိုရင် ဒီပွဲဟာ သူတို့ရဲ့ ဆွေးမျိုးသားချင်းတွေနဲ့ ပြန်လည်ဆုံစည်းရတဲ့ပွဲမို့လို့ ရိုသေတမှုနဲ့ ငိုလို့မရတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို သေဆုံးပီးသား ရုပ်အလောင်းတွေနဲ့ ပြန်လည်ဆုံစည်းတဲ့ပွဲ ကျင်းပတာဟာ သူတို့ရဲ့ စိုက်ပျိုးရေးကောင်းမွန်အောင် သေဆုံးပီးသားသူတွေက ကြည့်ရှုပေးကြလိမ့်မယ်လို့ ယုံကြည်ထားတာကြောင့်ပဲ ဖြစ်ပါတယ်လို့ သိရပါတယ်။

Photo credit - Mirror
Photo credit - Mirror
Photo credit - Mirror
Photo credit - Mirror

သတင်း အရင်းအမြစ်Mirror

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T