ဆင်နဲ့လည်းတူသလို ဖျံနဲ့လည်းတူတဲ့ ထူးဆန်းအကောင်လေးများ

//s9.kh1.co/cb/cb82a055dbf3f4d964fa6ce6c32f3ab45ca3448a.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ကျနော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးမှာ ထူးဆန်းလှတဲ့ တိရစ္ဆာန်မျိုးစုံ ရှင်သန်ကျက်စားနေကြပြီး တချို့ အကောင်တွေဆို ကိုယ်တိုင် အပြင်မှာ တခါမှတောင် မမြင်ဖူးတဲ့ ထူးထူးဆန်းဆန်း အကောင်လေးတွေ အများကြီး ရှိပါသေးတယ်။ ဒီတစ်ခါ ပရိသတ်ကြီးကို ဖော်ပြပေးချင်တာကတော့ ဆင်ဖျံလို့ ခေါ်တဲ့ အကောင်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/4c/4c125aea9dbbc131b06c31f801acbba6ad415db5.jpg
https://s9.kh1.co/__image/w=600,h=356,q=100/c4/c422fb1a92d9f8e3a4548490f12dacf02d70e4e2.jpg

ဒီအကောင်လေးတွေဟာ ဆင်နဲ့တူသလို ဖျံနဲ့လည်းတူပြီး ဆင်ဖျံတစ်ကောာင်ရဲ့ ပုံမှန်အရွယ်အစားဟာ ၁၅ပေလောက်ရှိတတ်ကြပါတယ်။ ဆင်ဖျံတွေမှာ မြောက်ပိုင်းဆင်ဖျံ နဲ့ တောင်ပိုင်းဆင်ဖျံ ဆိုပြီးတော့ ဆင်ဖျံမျိုး နှစ်မျိုးရှိပြီး ‌ေြမာက်ပိုင်းဆင်ဖျံတွေက တောင်ပိုင်းဆင်ဖျံတွေထက် အကောင်အနည်းငယ်သေးပါတယ်။ ဆင်ဖျံတွေကို များသောအားဖြင့် ကနေဒါ ၊ မက္ကဆီကို နဲ့ အမေရိကန်က ကျွန်းစုတွေအနီးမှာတွေ့ရလေ့ရှိပြီး တောင်ပိုင်းဆင်ဖျံတွေကတော့ တောင်အာဖရိက ၊ အာဂျင်တီးနား နဲ့ နယူးဇီလန် ကျွန်းစုတွေအနီးမှာ တွေ့ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=356,q=100/c4/c422fb1a92d9f8e3a4548490f12dacf02d70e4e2.jpg
https://s9.kh1.co/__image/w=600,h=400,q=100/d4/d473e20fb9d4b70dd16ed8decb4a92ed01ba3fa8.jpg

မြောက်ပိုင်း ဆင်ဖျံတွေဟာ ဆင်တွေလိုပဲ နှာခေါင်းကြီး တစ်ခုရှိပြီး အာ့ဒီနှာခေါင်းနဲ့ ရန်သူတွေကို ဖိထောင်းကာ တိုက်ခိုက်နိုင်ပြီး အမတွေ လာရောက် ပေါက်ပွားကြမယ့် ကမ်းခြေနယ်မြေအတွက် အဖိုချင်း နယ်မြေလုပွဲတွေ ဆင်နွှဲ တိုက်ခိုက်တတ်ပါတယ်။ ဆင်ဖျံတွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ် တားဆီးပေးထားရပါတယ်။ သူတို့က ပင်လယ်ငှက်တွေ၊ ဖျံငယ်တွေကို စားသုံးကြပြီး အမက ၁၁ လ ကိုယ်ဝန်ဆောင်ပြီး ဆင်ဖျံပေါက် ကလေးတစ်ကောင် ဖွားမြင်ပေးပါတယ်။ သူတို့အရောင်က မီးခိုးရောင်၊ အညိုရောင်ဖြစ်ပြီး တစ်ခါတစ်ရံ အနက်ပြောက်ကလေးတွေ ရှိကြတယ်။

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T